တန့်ယန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ ကျင်းပ

တန့်ယန်း မေ ၁၈

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၆-၂၀၂၇ ပညာသင်နှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများကို ခရိုင်ပညာရေးဌာနမှ ကြီးကြပ်၍ မေလ ၁၈ ရက် နံနက် ၉ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်သည်။

အဆိုပါ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီ ပြိုင်ပွဲများကို ခရိုင်ပညာရေးမှူး ဦးမွန်ကျော်မြင့်နှင့် တာဝန်ရှိသူများ၊ မြို့နယ်ပညာရေးမှူး ဒေါ်လွင်လွင်ကျော်နှင့် ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများက ကြီးကြပ်ဆောင်ရွက်ပေးကြသည်။

ပြိုင်ပွဲသို့ တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်တို့မှ အခြေခံပညာ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၅)ဦး ဝင်ရောက်ဖြေဆိုယှဉ်ပြိုင်ကြကြောင်း သိရသည်။

မင်းလွင်ဦး(တန့်ယန်း)