ပျော်ဘွယ် မေ ၂၀
ပျော်ဘွယ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျေးရွာနေပြည်သူများ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ် ၍ စာဖတ်ခြင်း၏အကျိုးကျေးဇူးနှင့် မူးယစ်ဆေးဝါး အန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို မေလ ၁၉ ရက်၊ မွန်းလွဲနာရီခွဲက အဆိုပါ ကျေးရွာ၌ ကျင်းပသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က အသိဉာဏ်ပညာ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် မိမိတို့နှင့်လိုက်လျောညီထွေဖြစ်ပြီး ဗဟုသုတ ရရှိစေမည့်စာပေများကို ရွေးချယ်ဖတ်ရှုရန် လိုအပ်ပါကြောင်းနှင့် မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေးတို့ကို ဆွေးနွေးဟောပြောသည်။
ထို့နောက် မြိုနယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ စာဖတ်ရှိန် မြှင့်တင်ရေး အသိပညာပေးစာအုပ်စာစောင်များကို တက်ရောက်လာသည့် ပြည်သူများက လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)