သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင် ကျောက်ဆည်မြို့ ငလျင်သင့် ရွှေမုဌောစေတီ ပြန်လည်ပြင်ဆင်နေမှုများအား ကြည့်ရှု

ကျောက်ဆည် မေ ၁၇

သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ဦးလွင်သည် တာဝန်ရှိသူများလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့ရှိ ငလျင်ဒဏ်သင့် ဆည်တော်နံ ရွှေမုဋ္ဌောစေတီတော်သို့ ရောက်ရှိဖူးမြော်ကာစေတီတော် ဂေါပကအဖွဲ့ ဩဝါဒါစရိယ၊ ကျောက်ဆည်မြို့၊ မဟာရွှေစေတီ ပရိယတ္တိစာသင်တိုက် ဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပညာသာမိ အမှူးပြုသော ဆရာတော်များအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း၍ သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ကြောင်းနှင့် ဆည်တော်နံ ရွှေမုဋ္ဌောစေတီတော် ပြန်လည် ပြင်ဆင်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)