ဖြူး မေ ၁၇
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်တွင် ရောင်းချနေသည့် ဒူးရင်းသီးများမှာ ပေါ်ဦးပေါ်ဖျားကာလတွင် စျေးကွက်အတွင်း စတင်ရောင်းနေပြီး စျေးကောင်းလျက်ရှိကြောင်း သိရသည်။
ဖြူးမြို့နယ်တွင် ဒူးရင်းသီးများအား ရန်ကုန်-မန္တလေးလမ်းဟောင်းဘေး(မြို့တွင်း)နှင့် ဘူတာမြောက်ဂုံးကျော်အနီး (ဖြူး-အုတ်ဖြတ်-မုန်း)လမ်းတွင် ဆိုင်ငယ်များ အနေဖြင့် စတင်ရောင်းချနေပြီး အများအားဖြင့် ကျောက်ကြီးမြို့နယ်၊ ကျောက်ကြီးပေါက်ကျေးရွာထွက် အသီးများအား မေလပိုင်းမှ နိုဝင်ဘာလအထိ မှာယူပြန်လည်ရောင်းချ၍ လက်ရှိစျေးနှုန်းအရ အနိမ့်ဆုံး အလုံးငယ်တစ်လုံးလျှင်(၅၀၀၀)ကျပ်မှ အမြင့်ဆုံးစျေး(၃၀၀၀၀)ကျပ် အစားစားတန်ဖိုးရှိကြောင်း ဒူးရင်းသီးရောင်းချသူများထံမှ သိရသည်။
နေမျိုးလွင် (ပြန်/ဆက်)