အမြို့မြို့အနယ်နယ်သတင်းများ

Jul 14,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်စနစ်ဖြင့် စာဖတ်ပရိသတ်ထံလက်ဝယ်အရောက် စာအုပ်၊ စာစောင်များ လှည့်လည်ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀)နာရီက အမှတ်(၂)ရပ်ကွက်အတွင်းသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Jul 14,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ သမဝါယမအသင်းသားများ၏ မိုးစပါးစိုက်ပျိုးမှုအခြေအနေများကို ယမန်နေ့ နေ့လည်ပိုင်းက ရှမ်းပြည်နယ်သမဝါယမဦးစီးဌာန၊ ပြည်နယ်မှူး၊ သမဝါယမအသင်းစုချုပ် ဒုတိယဥက္ကဋ္ဌ၊ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းများမှ တာဝန်ရှိသူများက ကွင်းဆင်းကြပ်မတ်မှုများ ဆောင်ရွက်ခဲ့သည်။
Jul 14,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(၁)တွင် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံ​နက် ၉ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 14,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ဧရာဝတီမြစ်ကမ်းနံဘေးနှင့် မြေနိမ့်ပိုင်းများရှိ လူနေအိမ်များအတွင်း မြစ်ရေဝင်ရောက်မှုများဖြစ်ပွားလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းနိုင်၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တာဝန်ရှိသူများက စဉ်ဆက်မပြတ်ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း၊ လိုအပ်သည့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများနှင့် ဘေးလွတ်ရာနေရာများသို့ ကူညီရွှေ့ပြောင်းပေးခြင်း၊ ရေဘေးသင့်ပြည်သူများအတွက် ယာယီနေထိုင်မည့်နေရာစီစဉ်ပေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
Jul 14,2025
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ဇူလိုင် ၁၃ ရက် မွန်းလွဲပိုင်းက သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာအုပ်စု ဘုရားလေးဆူ​ဘုန်းတော်ကြီးကျောင်းတွင် မြို့နယ်အတွင်း နယ်မြေတည် ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကိစ္စရပ်များနှင့်ပတ်သက်၍  အသိပညာပေးဟောပြောခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြသည်။
Jul 14,2025
ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်ခရိုင် ကျိုင်းလပ်မြို့၌ မီးခိုးမြူငွေ့လျှော့ပါးစေရေးနှင့် လယ်ယာမြေဥပဒေများအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် (၁၀) နာရီက နမ့်ခင်းအုပ်စု၊ ကျကကျေးရွာ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 14,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ မြို့မဈေးဘယ်ဘက်ခြမ်းရှိ ဈေးဆိုင်များ‌နှင့် ပျံကျဈေးတန်းတွင် ရောင်းချသော ဈေးဆိုင်များ ဈေးစည်းကမ်းနှင့်အညီ ရောင်းချမှုရှိ/မရှိအား ယ‌မန်နေ့နံနက်က စည်းကမ်းထိန်းသိမ်း‌ရေးအဖွဲ့ဝင်များက လိုက်လံစစ်ဆေးနေကြောင်း သိရသည်။
Jul 14,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့တွင် ကျောင်းသား၊‌ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းဝေးစေရန်နှင့် ယာဉ်ကြောပိတ်ဆို့မှုများ မရှိစေရန်ရည်ရွယ်၍ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စု (၅၇)မှ တပ်ဖွဲ့စုမှူး ရဲအုပ်အောင်မျိုးကျော် ဦးဆောင်လမ်းညွှန်မှုဖြင့် ယာဥ်ထိန်းတပ်ဖွဲ့၀င်များက တွံတေးမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ချိန်နှင့်ကျောင်းဆင်းချိန်များတွင် ယာဉ်လမ်းရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။