သံဖြူဇရပ် ဇူလိုင် ၁၄
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်တွင် ဇူလိုင် ၁၃ ရက် မွန်းလွဲပိုင်းက သံဖြူဇရပ်မြို့နယ်၊ ဝဲကလိကျေးရွာအုပ်စု ဘုရားလေးဆူဘုန်းတော်ကြီးကျောင်းတွင် မြို့နယ်အတွင်း နယ်မြေတည် ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောခြင်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ ကြသည်။
ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်၊ သံဖြူဇရပ်မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူး၊ မြို့နယ်ပညာရေးမှူး၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာတို့မှ ကျေးရွာနေပြည်သူများ နှင့်တွေ့ဆုံပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မိုးလွင်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများပြောကြားခြင်း၊ သံဖြူဇရပ်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမိုးမြင့်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနှင့် ပတ်သက်၍ အသိပညာပေးခြင်း၊ လိုင်စင်မဲ့ မော်တော်ယာဉ်/မော်တော်ဆိုင်ကယ် ဖမ်းဆီးမှုနှင့်ပတ်သက်၍ ချပြရှင်းလင်းခြင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနမှူး ဦးဌေးခိုင်က မှတ်ပုံတင်ဆောင်ရွက်ရေးကိစ္စ အသိပညာပေးဟောပြောခြင်း၊ လျှပ်စစ်အင်ဂျင်နီယာမှူး ဦးတင်အောင်မိုးက လျှပ်စစ်အန္တရာယ်နှင့် လျှပ်စစ်ဓာတ်အားရရှိမှုအပေါ် ဖြန့်ခွဲသုံးစွဲမှုနှင့်ပတ်သက်၍ ချပြရှင်းလင်းခြင်း၊ ဒေါက်တာမင်းငွေထွန်းက ဝက်မွေးမြူရေးနှင့် ခွေးရူးရောဂါအကြောင်း ပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)