ကော့မှူးမြို့နယ် မြို့မ‌ဈေးကြီးအတွင်း ဈေး‌ရောင်းချသူများ စည်းကမ်းနှင့်အညီ ရောင်းချမှုရှိ/မရှိ လိုက်လံစစ်ဆေး

ကော့မှူး ဇူလိုင် ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ မြို့မဈေးဘယ်ဘက်ခြမ်းရှိ ဈေးဆိုင်များ‌နှင့် ပျံကျဈေးတန်းတွင် ရောင်းချသော ဈေးဆိုင်များ ဈေးစည်းကမ်းနှင့်အညီ ရောင်းချမှုရှိ/မရှိအား ယ‌မန်နေ့နံနက်က စည်းကမ်းထိန်းသိမ်း‌ရေးအဖွဲ့ဝင်များက လိုက်လံစစ်ဆေးနေကြောင်း သိရသည်။

အဆိုပါစစ်ဆေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်ထွန်းအောင်ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့မှ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များ၊ ဈေးတာဝန်ခံတို့က မြို့မဈေးကြီးဘယ်ဘက်ခြမ်းတွင် ရောင်းချသောဈေးဆိုင်များ လူသွားလမ်း‌ရေမြောင်းကျော်၍ အမိုးများ ရောင်းကုန်ပစ္စည်းများ ထားရှိခြင်းမပြုရန်နှင့် ပျံကျဈေးတန်းတွင် ရောင်းချသောဈေးသယ်များ လမ်းပေါ်သို့ ကျူးကျော်မရောင်းချရေး၊ သတ်မှတ်ထားသောဈေးစည်းကမ်းနှင့် အညီ ရောင်းချခြင်းရှိ/မရှိတို့အား လိုက်လံစစ်ဆေးဆောင်ရွက်နေကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)