လဲချား ဇူလိုင် ၁၄
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(၁)တွင် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အငယ်တန်းစာရေး ဒေါ်အေးမိစံက ကျောင်းသား၊ကျောင်းသူလူငယ်များ အသိပညာဗဟုသုတတိုးပွားစေစေရန်အတွက်ရည်ရွယ်၍ အခြေခံပညာကျောင်းများကို အလှည့်ကျစနစ်ဖြင့် ယခုလိုပြပွဲများ၊ ပြိုင်ပွဲများ၊ ဟောပြောပွဲများ ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းပြောကြားပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေး၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်း၊ မူးယစ်အန္တာရာယ်အသိပညာပေး၊ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး နံရံကပ်စာစောင်များပြသခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)