တွံတေး ဇွန် ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့တွင် ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းဝေးစေရန်နှင့် ယာဉ်ကြောပိတ်ဆို့မှုများ မရှိစေရန်ရည်ရွယ်၍ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စု (၅၇)မှ တပ်ဖွဲ့စုမှူး ရဲအုပ်အောင်မျိုးကျော် ဦးဆောင်လမ်းညွှန်မှုဖြင့် ယာဥ်ထိန်းတပ်ဖွဲ့၀င်များက တွံတေးမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ချိန်နှင့်ကျောင်းဆင်းချိန်များတွင် ယာဉ်လမ်းရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာ၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း(ကံဘဲ့)တို့တွင် ကျောင်းသား/သူများ ယာဉ်အန္တရာယ်ကင်းဝေးစေရန်နှင့် ယာဉ်ကြောပိတ်ဆို့မှုများမရှိစေရန်၊ ကျောင်းတက်ချိန်နှင့်ကျောင်းဆင်းချိန်များတွင် လမ်းကူးရာ၌ လိုက်နာရမည့် စည်းကမ်းများကိုပါ ပညာပေးဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မျိုးလှိုင်