Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မင်းဘူး(စကု)မြို့နယ် မြေနိမ့်ပိုင်းရပ်ကွက်နှင့် ကျေးရွာများတွင် ဧရာဝတီမြစ်ရေများ စတင်ဝင်ရောက်
Jul 14,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်တွင် မိုးများ အဆက်မပြတ်ရွာသွန်းနေသဖြင့် ဧရာဝတီမြစ်ရေများ တဖြည်းဖြည်းမြင့်တက်လျက်ရှိပြီး မြေနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာများတွင် မြစ်ရေများစတင် ဝင်ရောက်လျက်ရှိကြောင်း မင်းဘူးခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
လယ်ဝေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေတိုက်စားမှုများအား ကွင်းဆင်းကြည့်ရှု
Jul 14,2025
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ချောင်းရေတိုက်စားမှုဖြစ်ပွားခဲ့သည့် ကျေးရွာများအား ယနေ့မွန်းလွဲပိုင်းက ကွင်းဆင်းကြည့်ရှုခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျွန်းစုမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ရှင်းလင်းပြသခြင်းနှင့် မဲပေးခြင်းစမ်းသပ်သရုပ်ပြ
Jul 14,2025
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးကိုကိုလွင်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီအချိန်က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်၊ တနင်္သာရီခန်းမ၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ကြီးမှူးကျင်းပသည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ရှင်းလင်းပြသခြင်း၊ သရုပ်ပြစမ်းသပ်မဲပေးခြင်းအခမ်းအနားတက်ရောက်သည်ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် (တနင်္သာရီတိုင်းဒေသကြီးတာဝန်ခံ) ဦးကိုကိုလွင်က ရွေးကောက် ပွဲတွင် အီလက်ထရောနစ်စက် (MEVM)ဖြင့် မဲပေးကြရမည်ဖြစ်ရာ မဲစာရင်းများကို မှန်မှန်ကန်ကန်တိတိကျကျ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲသည် နိုင်ငံတော်၏ အဓိကရည်မှန်းချက်ဖြစ်သည့်အတွက် နိုင်ငံသားတိုင်း မဲပေးနိုင်ရေး၊ နည်းလမ်းကျမှန်ကန်သည့် အထွေထွေရွေးကောက်ပွဲပုံစံဖြစ်စေရေးနှင့် ရွေးကောက်ပွဲလုပ်ငန်းများကို အောင်မြင်စွာဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် (MEVM)စက်များသယ်ယူဖြန့်ဝေထိန်းသိမ်းထားရှိမှုများ အား ပြောကြားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများအား ကြိုဆိုပွဲကျင်းပ
Jul 14,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၅/၂၀၂၄) သင်တန်းတက်ရောက်မည့် ပြည်သူ့စစ်မှုထမ်း နိုင်ငံ့သားကောင်းများကို ယမန်နေ့ညနေ ၃ နာရီအချိန်က တပ်မတော်ကွန်ပျူတာနှင့် နည်းပညာသိပ္ပံကျောင်းတွင် ကြိုဆိုခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ တက်ရောက်
Jul 14,2025
နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းနိုင်ရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ကြို့တန်း-ညိုပင်-ကွေ့ကြီး ကျေးရွာချင်းဆက်လမ်းတွင်ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူလူထုများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးရာသီသစ်ပင်စိုက်ပျိုးပွဲနှင့် တောင်သူပူးပေါင်းပါဝင်သော သားဆက်လိုင်းများ မျိုးရွေးချယ်ခြင်း အခမ်းအနားတက်ရောက်၊ ငလျင်ဘ…
Jul 14,2025
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဇူလိုင်လ ၁၂ ရက်နေ့ ညနေပိုင်းက ဥတ္တရသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းမကြီးနှင့် မြတ်လေးလမ်းသို့ သွားရောက်ပြီး ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော လမ်းပိုင်းများ ပြန်လည်ပြုပြင်နေမှုအခြေအနေများ၊ နိုင်လွန်ကတ္တရာလမ်း(AC) ခင်းကျင်းနေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းများအမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရေး၊ လုပ်ငန်းသုံးကျောက်များအား သတ်မှတ်အရွယ်အစားအတိုင်း အသုံးပြုရေးတို့ကို မှာကြားကာလုပ်ငန်း ဆောင်ရွက်နေသူများအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတုံမြို့၌ ၂၀၂၅ ခုနှစ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Jul 14,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာပေါင်းစုံ ၂၀၂၅ ခုနှစ် စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ကျိုင်းတုံမြို့ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မှော်ဘီမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ခြင်းနှင့် ဓာတ်မြေဩဇာ ပေးအပ်ခြင်း အခမ်းအနား ကျင်းပ
Jul 13,2025
၂၀၂၅ ခုနှစ်၊ မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေ ပေးအပ်ခြင်းနှင့် ဓာတ်မြေဩဇာ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ မြန်မာ့ဆန်စပါးသုတေသနခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျေးရွာအုပ်စု/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3862
Page
3863
Page
3864
Page
3865
Current page
3866
Page
3867
Page
3868
Page
3869
Page
3870
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department