ကြို့ပင်ကောက် မေ ၁၉
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့နယ် အ.ထ.က (ကြို့ပင်ကောက်) ကျောင်းတွင် ကလေးအလုပ်သမားပပျောက်ရေး ဆွေးနွေးပွဲဆောင်ရွက်ခြင်းနှင့် စာအုပ်ပြပွဲကျင်းပ ဆောင်ရွက်ခြင်းကို မေလ ၁၉ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
အသက် ၁၈ နှစ် မပြည့်သေးသည့် ကလေးသူငယ်များ အလုပ်လုပ်ကိုင်ခြင်းနှင့် စပ်လျဉ်း၍ ဥပဒေများပြဋ္ဌာန်းထားကာ ဥပဒေနှင့်အညီ ကာကွယ်စောင့်ရှောက်မှုများပေးနိုင်ရေး၊ အသက်မပြည့်သေးသော ကလေးအလုပ်သမားများ လျော့ချရန်နှင့် ကလေးငယ်များ၏ အနာဂတ်ဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ယခုကဲ့သို့ ဆွေးနွေးပွဲကျင်းပပြုလုပ်ရခြင်းဖြစ် ကြောင်း မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝင့်နန္ဒာဌေးက ပြောသည်။
ဆက်လက်ပြီး ကျောင်းဖွင့်ချိန် အခြေခံပညာကျောင်းများသို့ ငှားရမ်းပေးမည့် သုတရသစာအုပ်များ ခင်းကျင်းပြသထားရာ ဆွေးနွေးပွဲတက်ရောက်လာသော ဆရာဆရာမများ စိတ်ဝင်တစားကြည့်ရှုလ့လာခဲ့ကြကြောင်း သိရသည်။
ဇေယျာထွန်း (ကြို့ပင်ကောက်)