ရန်ကုန် မေ ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ အစိုးရသစ်ကာလ ရက်(၁၀၀)စီမံချက်ဖြင့် အဘိတ်ဆေးခပ်ခြင်းနှင့် ဖုန်း၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးသူမောင်၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာအေးမူယာကျော် ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများပူးပေါင်း၍ အမှတ်(၁၆၈) ရပ်ကွက်နှင့် အမှတ်(၆၇)ရပ်ကွက်အတွင်း မိုးဦးကာလသွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ် နိုင်ရေးအတွက် နေအိမ်များရှိရေတွင်း၊ရေကန်များအတွင်း အဘိတ်ဆေးခပ်ခြင်းနှင့် ခြင်ပေါက်ပွား နိုင်သည့် ဘုရားပန်းအိုးများ၊ ရေတင်ကျန်နိုင်သည့် နေရာများတွင် ( ဖုံး၊ သွန် ၊ လဲ ၊ စစ် ) လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး ခြင်၊ယင် မပေါက်ပွားနိုင်အောင် အသိပညာပေး ဟောပြောခဲ့ကြသည်။
ဖြိုးစန္ဒာ(ဆိပ်ကမ်း)