မိုင်းယန်းမြို့၌ တောင်သူအသိပညာပေးလုပ်ငန်းနှင့် သဘာဝဓာတ်မြေဩဇာပြုလုပ်နည်း လက်တွေ့သရုပ်ပြသ

မိုင်းယန်း မေ ၁၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် တောင်သူအသိပညာပေးလုပ်ငန်းနှင့် သဘာဝဓာတ်မြေဩဇာပြုလုပ်နည်း လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့နံနက် ၁၀ နာရီက ဝိန်းလိတ်ရပ်ကွက်၌ ပြုလုပ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမင်းဦးကျော်က စိုက်ပျိုးရေးဆိုင်ရာသိကောင်းစရာစိုက်ပျိုးနည်းစနစ်များ၊ သဘာဝဓာတ်မြေဩဇာပြုလုပ်နည်းများကို အကျယ်တဝင့်အသိပညာပေးရှင်းလင်းပြီး တောင်သူများ၊ ရပ်ကွက်နေပြည်သူများအား ဒိုချက်ကင်မွေးမြူထုတ်လုပ်နည်းတွင် ပါဝင်ပစ္စည်းများ ပေါင်းစပ်အသုံးနည်းများအား လက်တွေ့သရုပ်ပြသခြင်းနှင့် အီးအမ်ဘိုကာရှီသဘာဝ မြေဩဇာပြုလုပ်သုံးစွဲနည်းကို လက်တွေ့သရုပ်ပြသခဲ့ပြီး ဒိုချက်ကင်မွေးမြူထုတ်လုပ်နည်း ပြုလုပ်အသုံးပြုပုံအဆင့်ဆင့်ဆိုင်ရာ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထွန်းထွန်းထူး