အမြို့မြို့အနယ်နယ်သတင်းများ

Jul 08,2025
ကရင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ  အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေ တိုးတက်ရေးစီမံကိန်းအစီအစဉ်တွင် ပါဝင်သည့်  အမျိုးသမီးများ ဝင်ငွေတိုးတက်ရေးဆောင်ရွက်မည့် လုပ်ငန်းစက်ချုပ်နည်းပညာ သင်တန်း (ပထမအကြိမ်) ဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁၂ နာရီခွဲက ဘားအံမြို့နယ်၊ ‌နောင်ကမြိုင်ကျေးရွာ၌ ကျင်းပရာ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါက်တာကြူကြူလှိုင်က အမှာစကားပြောကြားပြီးနောက် ကျေးရွာစီမံကိန်းအကောင်အထည်ဖော်‌ရေးကော်မတီအဖွဲ့ခေါင်းဆောင်က သင်တန်းသားတစ်ဦးအား သင်တန်းသုံးကုန်‌ကြမ်းပစ္စည်းများ ပေးအပ်ခဲ့သည်။
Jul 08,2025
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ပလောက်မြို့  လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်(၁၀)နာရီက (၇၈) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်ပြိုင်ပွဲများကျင်းပသည်။
Jul 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအားကျန်းမာရေး စစ်ဆေးပေးခြင်းကို လမ်းမတော်မြို့နယ် အမှတ် (၅) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Jul 08,2025
နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ တဲကြီးကုန်းကျေးရွာနှင့် အလျင်လိုကျေးရွာများရှိ နွေစပါးရိတ်သိမ်းမှုအခြေအနေများနှင့် မိုးစပါးအောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ရေးအတွက် ရေပေးဝေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။
Jul 08,2025
ရန်ကုန်တိုင်းဒေသကြီ၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီ စံပြသာယာရပ်ကွက် အ-မ-က ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 08,2025
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြင့်မားရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် လက်ခိုက်‌ကျေးရွာ မူလွန်(လက်ခိုက်)ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jul 08,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ ကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Jul 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ဦးဝိစာရလမ်း၊ ရွှေတိဂုံ (အနောက်ဖက်မုခ်)၊ ပြည်သူ့ရင်ပြင်နှင့် ပြည်သူ့ဥယျာဉ်၀င်ပေါက်များရှေ့နှင့် မြေအောက်လူကူးလမ်း (under pass)အနီးတွင် လမ်းဘေးဈေးသည်များ စနစ်တကျဈေးရောင်းချခြင်းကို စည်းကမ်းထိန်းသိမ်းခြင်းနှင့် ဒဂုံမြို့နယ်အတွင်းရှိ ပန်းခြံများ၊ ကျောင်းများတွင် အမှိုက်အမျိုးအစား(၄)မျိုး ခွဲခြားစွန့်ပစ်နိုင်ရေး အမှိုက်ပုံးများထားရှိမှုကို ဇူလိုင် ၆ ရက်နေ့ နံနက် (၁၁) နာရီမှ (၅) နာရီ မိနစ် ၅၀ အချိန်အထိ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။