အမြို့မြို့အနယ်နယ်သတင်းများ

Jul 08,2025
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၅ ခုနှစ်၊ မိုးရာသီအခြေခံပညာ ကျောင်းပေါင်းစုံဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ဇူလိုင် ၇ ရက်ညနေပိုင်းက စစ်တွေမြို့ ဓညဝတီအားကစားကွင်း၌ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ယခုပြိုင်ပွဲသည် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်နိုင်ရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍမြှင့်တင်ဆောင်ရွက်ရေးဆိုသည့် ဦးတည်ချက်ကို အကောင်အထည်ဖော်ကျင်းပသည့် ဘောလုံးပြိုင်ပွဲဖြစ်ကြောင်း၊ ကျန်းမာရေးနှင့်အားကစားကဏ္ဍမြှင့်တင်ရေးအတွက် ယနေ့ခေတ်လူငယ် လူရွယ် ကျောင်းသား၊ ကျောင်းသူများ တက်တက်ကြွကြွပါဝင်ဆောင်ရွက်ရန် လိုအပ်ကြောင်းပြောကြားသည်။
Jul 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ မြန်မာ့အီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ နည်းပြအဆင့်သင်တန်းဖွင့်ပွဲကို တွံတေးမြို့၊ အ.ထ.က (၂) ပညာရတနာခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီခွဲတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jul 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မြို့နယ်စာရေးဆရာအသင်း၏ လပတ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို (၁၈) ရပ်ကွက်ရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ဇူလိုင် ၆ ရက်နေ့ မွန်းလွဲ ၁ နာရီက ပြုလုပ်သည်။
Jul 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(​မြောက်ပိုင်း)မြို့နယ်၊ အမှတ်(၃၅)ရပ်ကွက်၊ ဘုရင့်နောင်လမ်းရှိ အမှတ်(၃)အ​ခြေခံပညာအထက်တန်း​ကျောင်း၌ မြို့နယ်​ရေနှင့် သဘာ၀ပတ်၀န်းကျင်ထိန်းသိမ်း​ရေးလုပ်ငန်း​ကော်မတီမှ ဦး​ဆောင်၍ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးအတွက် အမှိုက်စို၊ အမှိုက်ခြောက်၊ အန္တရာယ်ရှိ‌သောအမှိုက်၊ ပလတ်စတစ်အမှိုက်များကို သတ်မှတ်အမှိုက်ပုံးများအတွင်းသို့ စနစ်တကျခွဲခြား စွန့်ပစ်နိုင်ရေးအသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Jul 08,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ် မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများနှင့် Biometric ကောက်ယူခြင်းလုပ်ငန်းများကို မြို့နယ်အတွင်းရှိရပ်ကွက်/ ကျေးရွာအုပ်စုများတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့နံနက်ပိုင်းက (၁၅၆)ရပ်ကွက်သို့ မြေပြင်ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိသည်။
Jul 08,2025
ပုသိမ်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု အခြေခံတန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀နာရီက ပုသိမ်ကြီးမြို့နယ်ရှိ နန္ဒာခေတ်မီစံပြကျေးရွာ၌ ကျင်းပသည်။
Jul 08,2025
မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စွန့်ပစ်အမှိုက်အမျိုးအစားခွဲခြားစွန့်ပစ်မှုသရုပ် ပြပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက မိတ္ထီလာပညာရေးဒီဂရီကောလိပ်၌ ကျင်းပခဲ့ကြောင်း သိရသည်။