ကွမ်းခြံကုန်း ဇူလိုင် ၈
ရန်ကုန်တိုင်းဒေသကြီ၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နံနက် ၁၀ နာရီ စံပြသာယာရပ်ကွက် အ-မ-က ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် ကွမ်းခြံကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက စာဖတ်ခြင်း၏ အကျိုးကျေးဇူး၊ စာဖတ်သည့် အလေ့အထဖြစ်ပေါ်လာစေရန်နှင့် ဗလငါးတန်ပြည့်ဝသည့် လူငယ်များ ဖြစ်ပေါ်လာစေရန် စသည့်အကြောင်းအရာများ ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ကျေးရွာသူ/ရွာသားများအား စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာအုပ်စာစောင်များအား စိတ်ဝင်းစားစွာဖတ်ရူလေ့လာခြင်းနှင့် ပြသထားသော မူးယစ်ဆေးဝါးပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်အား ကျောင်းသား/သူ(၁ဝဝ)ဦးက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြကြောင်း သိရသည်။
ဆွေနွယ် (ပြန်/ဆက်)