နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

နေပြည်တော် ဇူလိုင် ၈

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းက ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ တဲကြီးကုန်းကျေးရွာနှင့် အလျင်လိုကျေးရွာများရှိ နွေစပါးရိတ်သိမ်းမှုအခြေအနေများနှင့် မိုးစပါးအောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ရေးအတွက် ရေပေးဝေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ကြည့်ရှုစစ်ဆေးရာ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက တောင်သူများနှင့်တွေ့ဆုံပြီး သီးနှံများ သတ်မှတ်လျာထားဧကအတိုင်း အပြည့်အဝစိုက်ပျိုးသွားရန်၊ စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းပြည့်မီစေရေး အထူးအလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ တစ်ဧကစိုက်ပျိုးထုတ်လုပ်မှု ကုန်ကျစရိတ်သက်သာမှသာ တောင်သူများအတွက် ဝင်ငွေတိုးတက်လာမှာဖြစ်၍ သွင်းအားစုသက်သာစေရန်နှင့် မြေဆီဩဇာကြွယ်ဝစေရေးအတွက် သဘာဝမြေဩဇာများ သုံးစွဲရန်လိုကြောင်း၊ လယ်ယာမြေများတွင် ရေဝပ်မှုကြောင့် သီးနှံစိုက်ခင်းများ ပျက်စီးမှုအန္တရာယ် ကင်းဝေးစေရန်အတွက် ရေစီးရေလာကောင်းမွန်အောင် ဆောင်ရွက်ကြရန်လိုကြောင်းနှင့် စိုက်ပျိုးဧကအလိုက် ပျက်စီးဆုံးရှုံးမှုနှင့် အထွက်နှုန်း ထိခိုက်မှုမရှိစေရေးတို့အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်သွားရန်လိုကြောင်းပြောကြားကာ ရိတ်သိမ်းချွေလှေ့စက်ဖြင့် နွေစပါးရိတ်သိမ်းနေမှု၊ ရိတ်သိမ်းပြီးစပါးများ ချိန်တွယ်နေမှုများနှင့် မိုးစပါးအောင်မြင်ဖြစ်ထွန်းအောင် စိုက်ပျိုးနိုင်ရေးအတွက် ရေပေးဝေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

မျိုးသီဟ (ပြန်/ဆက်)