လမ်းမတော် ဇူလိုင် ၈
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေး စောင့်ရှောက်မှုအနေဖြင့် ကျောင်းသား၊ ကျောင်းသူများအားကျန်းမာရေး စစ်ဆေးပေးခြင်းကို လမ်းမတော်မြို့နယ် အမှတ် (၅) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက်က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ ကျောင်းသား၊ ကျောင်းသူများအား ကျောင်းကျန်းမာရေး စစ်ဆေးပေးခြင်းကို လမ်းမတော်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဦးစီးအရာရှိ (သွားကျန်းမာ) ဒေါ်မေသဇင်နွယ်နှင့် ကျန်းမာရေးဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများ၏ စနစ်မှန်သွားတိုက်နည်းအား သရုပ်ပြ သင်ကြားပေးခြင်း၊ မျက်စိစမ်းသပ်ပေးခြင်း၊ ခြေသည်း၊ လက်သည်းနှင့် အထွေထွေကျန်းမာရေး စစ်ဆေးပေးခြင်း၊ သန့်လေးသန့်၊ ရန်သူ၊ အစာစားပါ ကဗျာများကို သင်ကြားပေးခြင်း၊ ကျောင်းကျန်းမာရေး စစ်ဆေးမှု မှတ်တမ်းကတ်များဖြည့်စွက်ခြင်း၊ ကျောင်းပတ်ဝန်းကျင်သန့်ရှင်းစေခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး စသည့်ကျန်းမာရေးအသိပညာပေး ဟောပြောခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်