Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
MSME ပြည်တွင်းထုတ်ကုန်များကို အလွယ်တကူဝယ်ယူရောင်းချနိုင်သည့် G3G Application မိတ်ဆက်ပွဲကျင်းပ
Jul 08,2025
MSME ပြည်တွင်းထုတ်ကုန်များကို အလွယ်တကူဝယ်ယူရောင်းချနိုင်သည့် G3G Application မိတ်ဆက်ပွဲကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ မင်းဓမ္မလမ်းရှိ မြန်မာကွန်ဗီးရှင်းစင်တာ (MCC) ခန်းမ၌ ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိူးရအဖွဲ့ဝင်ဝန်ကြီးများ၊ Golden Gate Global Myanmar Pte.,Ltd.မှ တာဝန်ရှိသူများ၊ ထုတ်လုပ်သူလုပ်ငန်းရှင်များ၊ စားသုံးသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ထားဝယ်မြို့၌ တိုင်းရင်းသားလူငယ်များအတွက် အခြေခံစက်ချုပ်သင်တန်းဖွင့်
Jul 08,2025
တနင်္သာရီတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ဦးဆောင်မှုဖြင့် တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနနှင့် တိုင်းဒေသကြီးတိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် တိုင်းရင်းသား လူငယ်များအတွက် အခြေခံစက်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီ က ထားဝယ်မြို့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မှော်ဘီမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်အသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းများကျင်းပ
Jul 08,2025
ရန်ကုန်တိုင်းဒေသကြီး၊မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူ လူငယ်များနှင့်ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ရန်ကင်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဥ်ကြောရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
Jul 08,2025
ကျောင်းသား၊ ကျောင်းသူများ ယာဉ်အန္တရာယ်ကင်းဝေးစေရန်နှင့် ယာဉ်ကြောပိတ်ဆို့မှုများ မရှိစေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စု(၃၆)မှ ယာဉ်အန္တရာယ်ကင်းဝေးစေရေး ယာဉ်လမ်းရှင်းလင်းခြင်း လုပ်ငန်းများကို ယမန်နေ့ နေ့လယ် ၂ နာရီ၌ ရန်ကင်းမြို့နယ် ကံဘဲ့လမ်းရှိ TTC လေ့ကျင့်ရေး အလယ်တန်းကျောင်းရှေ့ သစ္စာလမ်းမကြီးပေါ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့တွင် လုပ်ငန်းရှင်များအား အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်
Jul 08,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့မှ လုပ်ငန်းရှင်များအား အခွန်ပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ဟံသာဝတီ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်၌ ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေး
Jul 08,2025
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းများ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ဇူလိုင်လ(၆)ရက်နေ့က ရခိုင်ရိုးလေးကျေးရွာနှင့် ကတွယ်ကျေးရွာတို့တွင် တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
အလုံခရိုင်၊ အလုံမြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 08,2025
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သစ်တောဦးစီးဌာနတို့ပူးပေါင်း၍ ၂၀၂၅ ခုနှစ် ခရိုင်အဆင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို အလုံမြို့နယ်၊ စောရန်ပိုင်တောင်ရပ်ကွက်၊ အမှတ်(၆) အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက် ၇ နာရီခွဲက ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သန်လျင်မြို့နယ် အ.ထ.က(၃) ကျောင်း၌ ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြော၊ ကျန်းမာရေးဆိုင်ရာများ စစ်ဆေးပေး
Jul 08,2025
သန်လျင်ခရိုင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်းဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း ပညာသင်ကြားနေသော ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်စေရန်အတွက် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့်ကျန်းမာရေးစစ်ဆေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အ.ထ.က(၃)ကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3823
Page
3824
Page
3825
Page
3826
Current page
3827
Page
3828
Page
3829
Page
3830
Page
3831
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department