Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
လက်ပံတန်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာဟောပြောပွဲများ ပြုလုပ်
Jul 11,2025
ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားလာစေရန် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်းကို ဇူလိုင် ၈ ရက်နေ့နံနက် ၉ နာရီက အထက(၃)ကျောင်း၌ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကဝမြို့နယ်၌ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသဆောင်ရွက်
Jul 11,2025
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ(၁၉)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသခြင်းကို ဇူလိုင် ၈ ရက်နေ့ နံနက်(၁၀)နာရီက အ.မ.က (မူလွန်) သပြေကန်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
လက်ပံတန်းမြို့နယ်တွင် လေဘေးထောက်ပံ့ငွေပေးအပ်
Jul 11,2025
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ခမုံကျေးရွာအုပ်စု၊ ကျောက်အိုင်ကျေးရွာတွင် ဇွန်လ ၂၉ ရက်နေ့က လေပြင်းတိုက်ခတ်၍ သစ်ပင်ပြိုလဲမှုကြောင့် ပျက်စီးခဲ့ရသည့်နေအိမ် ၁ လုံးအတွက် လေဘေးထောက်ပံ့ငွေပေးအပ်ပွဲကို နေ့လယ် ၁၂ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မော်လမြိုင်မြို့၌ (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ဆောင်ရွက်
Jul 11,2025
၂၀၂၅ ခုနှစ်၊ ဇူလိုင်(၁၉)ရက်နေ့တွင်ကျရောက်မည့် နေ့ထူးနေ့မြတ်ဖြစ်သည့် ဝမ်းနည်းသတိရဖွယ် အထိမ်းအမှတ်တစ်ခုဖြစ်သော အာဇာနည်နေ့သမိုင်းကြောင်းကို ကျောင်းသား၊ ကျောင်းသူများ သိရှိနားလည်စေရန်နှင့် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများအား လေးစားအတုယူတန်ဖိုးထားပြီး အမှတ်ရနေစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်း နည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂ဝ၂၅) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
Jul 11,2025
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ငါးလုပ်ငန်းဦးစီးဌာန၊ အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများ ဆေးထိုးသားဖောက်ခြင်းနည်းပညာပေးသင်တန်း အမှတ်စဉ်(၁/၂ဝ၂၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ လှော်ကားငါးလုပ်ငန်းစခန်းတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ သင်တန်းသား၊သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ရက်ကန်းနှင့်အသက်မွေးပညာသင်တန်း ဒုတိယအကြိမ် ရက်ကန်းသင်တန်း(၆)လ လွိုင်ကော်မြို့တွင် ဖွင့်လှစ်
Jul 11,2025
ကယားပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ရက်ကန်းနှင့် သက်မွေးပညာသင်တန်းကျောင်းမှ (၂၀၂၅-၂၀၂၆)ပညာသင်နှစ် ဒုတိယအကြိမ် လက်ရက်ကန်း(၆)လသင်တန်းဖွင့်ပွဲကို ယနေ့နံနက်က အဆိုပါသင်တန်းခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲ ကျင်းပ
Jul 11,2025
ကယားပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ ဒေသတစ်ခုထုတ်ကုန်တစ်ခု ဆောင်ရွက်မည့်လုပ်ငန်းစီမံကိန်းဖြင့် ဖွင့်လှစ်သည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲကို ယနေ့နံနက်က သူရလမ်း၊ ဒေါတမရပ်ကွက်ရှိ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ် အစိုးရအဖွဲ့မှ ရင်ချင်းဆက်အမွှာမွေးဖွားသည့် မိခင်အား ချီးမြှင့်ငွေကျပ်သိန်း (၁၀၀) ပေးအပ်
Jul 11,2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ဇူလိုင် ၉ ရက်နေ့က ရင်ချင်းဆက်အမွှာကို ခွဲစိတ်မွေးဖွားခဲ့သော မိခင်အား မွန်ပြည်နယ်အစိုးရအဖွဲ့မှ ချီးမြင့် ငွေကျပ် သိန်း ၁၀၀ ပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းက ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံ သားဖွားမီးယပ်ဆောင်၌ ပေးအပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3788
Page
3789
Page
3790
Page
3791
Current page
3792
Page
3793
Page
3794
Page
3795
Page
3796
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department