လက်ပံတန်း ဇူလိုင် ၁၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ခမုံကျေးရွာအုပ်စု၊ ကျောက်အိုင်ကျေးရွာတွင် ဇွန်လ ၂၉ ရက်နေ့က လေပြင်းတိုက်ခတ်၍ သစ်ပင်ပြိုလဲမှုကြောင့် ပျက်စီးခဲ့ရသည့်နေအိမ် ၁ လုံးအတွက် လေဘေးထောက်ပံ့ငွေပေးအပ်ပွဲကို ယနေ့နေ့လယ် ၁၂ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပခဲ့ကြောင်း သိရသည်။
လေဘေးသင့်နေအိမ်အတွက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့မှုကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးချစ်ကိုကို၀င်းနှင့် တာဝန်ရှိသူများက အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ (၁ဝဝ၀၀၀/-)၊ လူဦးရေ(၈)ဦးအတွက် ဆန်ရိက္ခာဖိုထောက်ပံ့ငွေ(၄ဝ၀၀၀/-)၊ စုစုပေါင်း(၁၄ဝ၀၀၀/-)၊ ထောက်ပံပစ္စည်း (၁၆) မျိုး အိမ်ထောင်စုတစ်စုစာတန်ဖိုး (၁၀၇၆၇၈/-)အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)