Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျိုက်ထိုမြို့နယ် အ.မ.က ဘောဂနာကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်
Jul 11,2025
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီက ကျိုက်ထိုမြို့၊ ကော့စံနိုင်ရပ်ကွက်ရှိ အ.မ.က ဘောဂနာကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့နယ်တွင် ကျောင်းကျန်းမာရေးစစ်ဆေးခြင်း အသိပညာပေးဟောပြောခြင်းများ ပြုလုပ်
Jul 11,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးငယ်များ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန် အပတ်စဉ် ကျန်းမာရေးစစ်ဆေးခြင်း၊ အသိပညာပေးခြင်းတို့ကို လိုက်လံဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ စာအုပ်စာစောင်ပြပွဲပြုလုပ်
Jul 11,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ ဓမ္မမေဒနီ အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးဟောပြောခြင်း စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များပြသခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ချောင်းဆုံမြို့နယ်၌ မိုးစပါး(၄၇၄၂၆)ဧက စိုက်ပျိုးပြီးစီး
Jul 11,2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်တွင် မိုးစပါးစိုက်တောင်သူများ အချိန်မီစိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်(ခွဲ)၌ ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေများကို မေလ (၁၉)ရက်နေ့မှစတင်၍ ထုတ်ချေးပေးလျက်ရှိရာ ဇူလိုင် (၁၁) ရက်နေ့အထိ စိုက်ပျိုးစရိတ်ချေးငွေကျပ် သိန်းပေါင်း(၂)သောင်း(၅)ထောင်ကျော် ထုတ်ချေးနိုင်ခဲ့ပြီး မိုးစပါး (၄၇၄၂၆) ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံ၌ ဒုတိယအကြိမ်မြောက် ရင်ချင်းဆက်အမွှာမိန်းကလေး မွေးဖွား
Jul 11,2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြည်သူ့ဆေးရုံတွင် ဇူလိုင်လ ၉ ရက် ညပိုင်းက ရင်ချင်းဆက်အမွှာမိန်းကလေးနှစ်ဦးအား ဘီးလင်းမြို့နယ် ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများက ဒုတိယအကြိမ်မြောက် အောင်မြင်စွာ ခွဲစိတ်မွေးဖွားခဲ့ကြောင်း သိရသည်။ ပထမအကြိမ် ၁၉၉၂ ခုနှစ်တွင် အေးအေးငြိမ်းနှင့်အိအိငြိမ်း အမွှာညီအစ်နှစ်ဦးအားလည်း ဘီးလင်းမြို့နယ်၊ ပြည်သူ့ဆေးရုံ၌ပင် အောင်မြင်စွာ ခွဲစိတ်မွေးဖွားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်ရှိ နို့စားနွားမွေးမြူရေးဆောင်ရွက်ထားရှိမှုနှင့် မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးထားရှိမှုအ…
Jul 11,2025
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း စားရေရိက္ခာဖူလုံစေရန် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူများမှ ယမန်နေ့နံနက်ပိုင်းက တိုးချဲ့ရပ်ကွက်ရှိ နို့စားနွားမွေးမြူရေးခြံနှင့် နတ်မှော်ကျေးရွာ၊ နတ်မှော်ကွင်း၌ မျိုးစေ့ချကိရိယာဖြင့် မိုးစပါးစိုက်ပျိုးထားရှိမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သထုံမြို့ အမက(ညောင်ဝိုင်း)ကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ စာအုပ်စာစောင်ပြပွဲ ပြုလုပ်
Jul 11,2025
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက သထုံမြို့၊ နန်းခဲရပ်ကွက်ရှိ ညောင်ဝိုင်းအခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးဟောပြောခြင်း စာအုပ်စာစောင်နှင့် နံရံကပ်စာစောင်များပြသခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး
Jul 11,2025
မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယမန်နေ့နံနက်ပိုင်းက နိုင်းပြိုင်၊ ကွမ်ကဗွီကျေးရွာများရှိ အသင်းဝင်များအား ဆောင်ရွက်ပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3789
Page
3790
Page
3791
Page
3792
Current page
3793
Page
3794
Page
3795
Page
3796
Page
3797
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department