အမြို့မြို့အနယ်နယ်သတင်းများ

Jul 11,2025
ကယားပြည်နယ်အတွင်း လယ်ယာမြေစီမံခန့်ခွဲမှုဆိုင်ရာကိစ္စရပ်များ ဥပဒေ၊ နည်းဥပဒေများ၊ စံပြုလုပ်ထုံးလုပ်နည်းများနှင့်အညီဖြစ်စေရေးအတွက် ကယားပြည်နယ် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ (၂/၂၀၂၅)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဝင်များ တက်ရောက်ကြသည်။
Jul 11,2025
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာဖတ်ရှိန်မြှင့်တင်ရေး "လူငယ်နှင့်စာဖတ်ခြင်း" အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အောင်ဇေယျရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ကျင်းပခဲ့ကြောင်း သိရသည်။
Jul 11,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှုအဖြစ် ကျန်းမာရေးအသိပညာပေးဟောပြောခြင်းနှင့် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစစ်ဆေးပေးခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
Jul 11,2025
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါမြို့တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာနှင့် ပန်းချီပြိုင်ပွဲများကို ယနေ့နံနက် ၉ နာရီအချိန်က ကျောတိုက်ရပ်ကွက်ရှိ အခြေခံပညာအထက်တန်းကျောင်း(ဂန့်ဂေါ)တွင် ကျင်းပပြုလုပ်ခဲ့သည်။
Jul 11,2025
မကွေးတိုင်းဒေသကြီး၊‌ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်စေရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၇)နာရီက‌ ဆင်ကကျေးရွာ ချောက်-ဂွေးချိုလမ်းဘေးဆင်က ကြိုးပြင်ကာကွယ်‌တော၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Jul 11,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ နောင်ပါရင်ရပ်ကွက်ရှိ ဘုန်း‌တော်ကြီးကျောင်းတွင် ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်စိုက်ပျိုး‌ရေးညှိနှိုင်းရေးကော်မတီအဖွဲ့နှင့် တောင်သူလယ်သမားများ‌ပေါင်းစပ်၍ ညှိနှိုင်း‌ဆွေးနွေးပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Jul 11,2025
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း  ပြည်ထောင်စု ငွေလုံးငွေရင်းရန်ပုံငွေဖြင့် မြို့ရှောင်လမ်းမှ ပျော်ကုန်း-အုတ်ဖိုလမ်း ကတ္တရာခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။
Jul 11,2025
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၊ မြင်းခြံတက္ကသိုလ်၌ အပူပိုင်းဒေသ (၁၃) ခရိုင် စိမ်းလန်းစိုပြည်ရေး ၂၀၂၅ ခုနှစ် မိုးရာသီလူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် (၇) နာရီအချိန်တွင် စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။