Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုးနဲမြို့နယ်၌ ခရမ်းချဉ်သီးများ ဈေးကောင်းရ၍ ထပ်မံစိုက်ပျိုးလာ
Jul 12,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် နာဟောင်ရပ်ကွက်နေ တောင်သူဦးကြီးများ၏ ယာခင်းများ၌ ယခုကာလတွင် ရောင်းအားကောင်းနေသော ခရမ်းချဉ်များကို တစ်ပိုင်တစ်နိုင် ထပ်မံစိုက်ပျိုးထားကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့နယ်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်ရေး မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 12,2025
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အပူပိုင်းဒေသ စိမ်းလန်းစိုပြည်စေရေးအတွက် လူထုလှုပ်ရှားမှုအသွင်ဖြင့် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၇ နာရီက ဆင်ကကျေးရွာ ချောက်-ဂွေးချိုလမ်းဘေးဆင်က ကြိုးပြင်ကာကွယ်တော၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်တွင် အစိုးရပါဋိပထမပြန်စာမေးပွဲ အောင်စာရင်းထွက်ရှိ
Jul 12,2025
သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ ကျင်းပပြီးစီးခဲ့သော ၁၃၇၈ ခုနှစ် (၂၀၂၅ ခုနှစ်)၊ အစိုးရပါဠိပထမပြန်စာမေးပွဲတွင် ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်အတွင်းရှိ ကျောင်းတိုက်အသီးသီးမှ သံဃာတော်များ၊ သာသနာနွယ်ဝင် သီလရှင်များနှင့် လူပုဂ္ဂိုလ်များမှ ပထမကြီးတန်း ၈၂ ပါး၊ ပထမလတ်တန်း ၁၁၉ ပါး၊ ပထမငယ်တန်း ၃၂၇ ပါး၊ အခြေပြုမူလတန်း ၅၅၃ ပါး၊ စုစုပေါင်း ၁၀၈၁ ပါး ဝင်ရောက်ဖြေဆိုတော်မူခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့တွင် ၂၀၂၅ ခုနှစ်အတွင်း ဒုတိယအကြိမ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ
Jul 12,2025
နိုင်ငံတော်၏ သယံဇာတများ ရေရှည်တည်တံ့စေရန်၊ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် မျှတမှုကို ထိန်းသိမ်းနိုင်စေရန်၊ စိမ်းလန်းစိုပြည်သည့် ရေမြေသဘာဝ ဖြစ်ထွန်းစေရန်၊ ကောင်းမွန် မျှတသည့် ရာသီဥတုဖြစ်ပေါ်စေရန်၊ အရိပ်အာဝါသရရှိစေရန်၊ အပူဒဏ်လျှော့ချနိုင်ရေး၊ အဖိုးတန် ဂေဟစနစ်များ မပျောက်ပျက်အောင် စောင့်ရှောက်နိုင်ရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ တွင် အထောက်အကူပြုစေရန်ရည်ရွယ်၍ ဇူလိုင်လ ၁၂ ရက်နေ့ နံနက် ၇ နာရီက မြန်မာ-ထိုင်း အမှတ် (၂) ချစ်ကြည်ရေးတံတား ကုန်တင်ကုန်ချ ပတ်လမ်းတစ်လျှောက်တွင် ဒုတိယအကြိမ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကို ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
တိုက်ကြီးမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ရန်ကုန်-ပြည် ကားလမ်းပေါ်သို့ သစ်ပင်လဲကျ၍ ကားလမ်းပိတ်ဆို့မှုဖြစ်ပွား
Jul 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် ဇူလိုင်လ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီခန့်က မိုးသည်းထန်စွာရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် ကံကုန်းကျေးရွာ ရန်ကုန်-ပြည် ကားလမ်းပေါ်သို့ သစ်ပင်လဲကျ၍ ကားလမ်းတစ်ခြမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ကယားပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ
Jul 12,2025
ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်မှ ချမှတ်ထားသည့် အားကစားဆိုင်ရာ မူဝါဒလမ်းညွှန်ချက်များနှင့်အညီ ပြည်နယ်၏ အားကစားကဏ္ဍ ဘက်စုံတိုးတက်မြင့်မားစေရန်အတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ပြည်နယ်ဝန်ကြီးချုပ်ဖလား အသက် ၂၅ နှစ်အောက် အမျိုးသားဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုခြင်းမြှင့်ပွဲအခမ်းအနားကို ဇူလိုင်လ ၁၀ ရက်နေ့ နံနက်က လွိုင်ကော်မြို့၊ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပြည်နယ်ဖူဆယ်ဘောလုံးအားကစားရုံ၌ ပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အသင်းအုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် အားကစားဝါသနာရှင်များ တက်ရောက်အားပေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
လမ်းမတော်မြို့နယ်၌ ဆေးဝါးလုပ်ငန်းများ၏ ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချမှုနည်းစနစ်ကို ကွင်းဆင်းစစ်ဆေး
Jul 12,2025
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ-ရန်ကုန်မှ မြို့နယ်အစားသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များနှင့်အတူ ဆေးဝါးလုပ်ငန်းများ၏ ဆေးဝါးထားသိုမှု၊ ဖြန့်ဖြူးရောင်းချမှုနည်းစနစ်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ဇူလိုင်လ ၁၀ ရက်နေ့ နေ့လယ်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။
အပြည့်အစုံ ဖတ်ရန်
မြဝတီမြို့နယ်တွင် မြစ်ရေကြီးခြင်း သတိပေးချက် လိုက်လံနှိုးဆော်
Jul 12,2025
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်းရှိ မြစ်ကမ်းအနီးနှင့် မြေနိမ့်ပိုင်း နေထိုင်ကြသည့် အများပြည်သူများအား ကြိုတင်သတိပြုနိုင်ရန်နှင့် အချိန်မီရှောင်ရှားနိုင်ရန်အတွက် ယမန်နေ့ည ၇ နာရီအချိန်၌ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ရေကြီးခြင်းသတိပေးထုတ်ပြန်ချက်အား အသိသတိပေး နှိုးဆော်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
3784
Page
3785
Page
3786
Page
3787
Current page
3788
Page
3789
Page
3790
Page
3791
Page
3792
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department