အမြို့မြို့အနယ်နယ်သတင်းများ

Jul 18,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်(၁၁)နာရီအချိန်က မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jul 18,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊  သာကေတမြို့နယ် သီရိမေမင်္ဂလာခန်းမ၌ အခွန်ထမ်းပြည်သူများအား အခွန်ထမ်းဆောင် အသိပညာပေးရှင်းလင်းပွဲအခမ်းအနားကို ဇူလိုင်လ (၁၃)ရက်နေ့ နံနက်(၁၀:၀၀)ချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Jul 18,2025
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ချည်မျှင်ရှည်ဝါမျိုးစေ့ထုတ်လုပ်ငန်းအတွက် သွင်းအားစုပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jul 18,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဖြတ်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာ့သမိုင်းဝင်နေ့ထူနေ့မြတ်များကိုသိရှိနားလည်စေရန်၊ အမြတ်တနိုးတန်ဖိုးထား‌၍ ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်ရည်ရွယ်၍ (၇၈)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီက လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
Jul 18,2025
ရှမ်းပြည်နယ်(အ‌‌ရှေ့ပိုင်း)၊ ကျိုင်းတုံတက္ကသိုလ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးကျင်းပသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ်နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက်  ဘာသာရပ်‌ပေါင်းစုံ မိုးရာသီဘောလုံးအားကစားပြိုင်ပွဲ (အမျိုးသား)ဗိုလ်လုပွဲနှင့် ဆုချီးမြှင်ပွဲကို ယနေ့တွင် ခရိုင်အားကစားကွင်း၌ ကျင်းပသည်။
Jul 18,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်ပြပွဲကို ယနေ့ နံနက်ပိုင်းအချိန်က လူထုအခြေပြုဗဟိုဌာန (community centre)၌ ကျင်းပပြုလုပ်ခဲ့သည်။
Jul 18,2025
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံးမှ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီရုံးတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများနှင့် ပတ်ဝန်းကျင်ထိခိုက်မှုဆန်းစစ်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်းအကြောင်း သိကောင်းစရာအကြောင်းအရာဖြင့် အသိပညာပေးဟောပြောပွဲကို ဇူလိုင် ၁၄ ရက်နေ့ နံနက် (၁၀:၃၀) နာရီအချိန်တွင်ကျင်းပခဲ့ရာ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးနှင့် စက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီနှင့် စက်မှုဇုန်သက်ဆိုင်ရာလုပ်ငန်းများမှ တာဝန်ရှိသူများတက်ရောက် သည်။
Jul 18,2025
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် တံတားတည်ဆောက်ရေးအဖွဲ့(ရုံးချုပ်)မှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် မိတ္ထီလာ-သာစည်လမ်းမှ ဂုံကုန်းကျေးရွာသို့ ဆက်သွယ်ထားသည့် လမ်းပေါ်ရှိ (ပေ ၈၀) ကွန်ကရစ်တံတား(ဒုတိယပိုင်း) တည်ဆောက်ခြင်းလုပ်ငန်းအား တာဝန်ရှိသူများက ဇူလိုင်လ ၁၈  ရက်နေ့နံနက်ကကွင်းဆင်းစစ်ဆေးခဲ့ကြောင်း  သိရသည်။