အမြို့မြို့အနယ်နယ်သတင်းများ

Jul 20,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်စည်ပင်သာယာရေးအဖွဲ့က မြို့အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပစေရန်နှင့် မိုးရာသီကာလ ရေကြီးရေလျှံမှုများကင်းဝေးစေရန်အတွက် ယမန်နေ့က ရေစီးရေလာကောင်းမွန်းရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။   
Jul 20,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အာဟာရများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက ပျဉ်းမကုန်းကျေးရွာ မိခင်နှင့်ကလေးစောင့်ရှောက်ရေးသားဖွားခန်း၌ ဆောင်ရွက်သည်။
Jul 20,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ အရည်အသွေးမြင့် စပါးမျိုးကောင်းမျိုးသန့်များ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် မြို့နယ်တောင်သူအကျိုးဆောင်အသင်း(FFA)မှ တာဝန်ရှိသူများက စိမ်းလန်းစိုပြည်ကုမ္ပဏီနှင့်ပူးပေါင်းပြီး မိုးစပါးစိုက်ပျိုးမည့်တောင်သူများကို ရွက်ဖျန်းအာဟာရဆေးရည်ဘူးများ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့က မြို့နယ်အသင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Jul 20,2025
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်လုံးဆိုင်ရာ သာသနာ့အကျိုးတော်ဆောင်အဖွဲ့က ကြီးမှူး၍ ၂၀၂၅ခုနှစ် ဇူလိုင်လ (၁၁) ရက်နေ့၌ ဘဝနတ်ထံပျံလွန်တော်မူသွားသော မောက်မယ်မြို့နယ် သံဃနာယကအဖွဲ့အကျိုးတော်ဆောင် နန်းဖတ်ခုမ်စေတီကျောင်းဆရာတော် ဘဒ္ဒန္တအဂ္ဂဝံသ သက်တော် (၈၁) နှစ်၊ ဝါတော် (၄၄) ဝါ အန္တိမအဂ္ဂိစျာပနတရားတော်နာရေစက်ချအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီခွဲက အဆိုပါနန်းဖတ်ခုမ်စေတီကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
Jul 20,2025
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်း ဧရာဝတီမြစ်ရေဧရာဝတီမြစ်ရေ (၈၇.၃) ပေမြင့်တက်မှုကြောင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စုအချို့နေရာများအတွင်း ဧရာဝတီမြစ်ရေဝင်ရောက်မှု ထပ်မံဖြစ်ပွားခဲ့ကြောင်း သိရသည်။
Jul 20,2025
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၃၆ လမ်း၊ ၇၁×၇၂ လမ်းကြား၌ ဇူလိုင် ၁၉ ရက်နေ့ ည ၇ နာရီ ၅၃ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့သည်။
Jul 20,2025
၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်တွင် ကျရောက်သည့် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ဗိုလ်ချို (၁) ရပ်ကွက် ဗိုလ်ချုပ်ပြတိုက်လမ်း (ယခင်တာဝါလိန်းလမ်း) ရှိ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်(ရန်ကုန်)၌ ယခင်နှစ်များအတိုင်း အများပြည်သူ အခမဲ့ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ရေးအတွက် ယမန်နေ့နံနက် ၇ နာရီမှ ညနေ ၅ နာရီအထိ အထူးပြပွဲအပါအဝင် ပြခန်းများကို ခင်းကျင်းပြသထားရာ ကျောင်းသား/ ကျောင်းသူများနှင့် ဆရာ/ ဆရာမများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ အသင်းအဖွဲ့များ၊ ရဟန်းရှင်လူပြည်သူများ စိတ်ပါဝင်စားစွာ တစ်ခဲနက်လာရောက်ကြည့်ရှုလေ့လာခဲ့ကြပြီး အမျိုးသားပြတိုက် (ရန်ကုန်)မှ တာဝန်ရှိသူများက အသေးစိတ်လိုက်လံရှင်းပြခဲ့ကြသည်။