အမြို့မြို့အနယ်နယ်သတင်းများ

Jul 21,2025
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာသာတမြို့နယ် ဟင်္သာတတက္ကသိုလ်၊ အားကစားခန်းမတွင် ယနေ့နံနက် ၉ နာရီ ခွဲ အချိန်က(၂၀၂၄-၂၀၂၅)ပညာသင်နှစ်၊ ဘာသာရပ် အလိုက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘော ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။
Jul 21,2025
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာ အုပ်စု၊ စစ်ကုန်းကျေးရွာရှိ သာယာကုန်းအခြေခံပညာမူလတန်းကျောင်းအတွင်း မြစ်ရေဝင်ရောက်မှုကြောင့် ယနေ့နံနက်ပိုင်းက ကျောင်းခေတ္တပိတ်ထားခဲ့ရသည်။
Jul 21,2025
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဘေးအန္တရာယ်ကင်းစင်စေရေးအတွက် အသက်ကယ်အင်္ကျီ (Like Jacket) ဝတ်ဆင်မှု သရုပ်ပြခြင်းကို ဇူလိုင်လ ၁၈ ရက်နေ့၊ နံနက် ၇ နာရီခွဲအချိန်က ငဝန်မြစ်ကန္နား မင်္ဂလာတံတားဆိပ်ကမ်း၌ အသက်ကယ်အင်္ကျီ (Like Jacket) ဝတ်ဆင်မှု သရုပ်ပြ လေ့ကျင့်ခဲ့ကြသည်။
Jul 21,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ မြန်မာ့စီးပွား‌ရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာများကို ယနေ့မှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Jul 21,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင်  အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများထုတ်ပေးခြင်းနှင့် Biometric(UID)နံပါတ် လျှောက်ထားခြင်းများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Jul 21,2025
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းရှိ ဗြဟ္မစိုရ်ခန်းမတွင် ယနေ့နံနက် ၉း၃၀ နာရီအချိန်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း အပတ်စဥ်(၃)အား စာတွေ့၊ လက်တွေ့(၂)ပိုင်းခွဲ၍ ဖွင့်လှစ်သင်ကြားကြောင်း သိရသည်။
Jul 21,2025
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီက မိတ္ထီလာ-တောင်ကြီးကားလမ်းဘေး မိုင်တိုင်အမှတ် ၁၇/၆မှ ၁၈/၀ အထိကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးတို့က ပိတောက်ပင်များ တက်ရောက် စိုက်ပျိုးပေးခဲ့ကြောင်းသိရသည်။
Jul 21,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များရင့်သန်လာစေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက်ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီက mobile library စနစ်ဖြင့် စာအုပ်၊စာစောင်များ နယ်လှည့်ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။