မအူပင် ဇူလိုင် ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာ အုပ်စု၊ စစ်ကုန်းကျေးရွာရှိ သာယာကုန်းအခြေခံပညာမူလတန်းကျောင်းအတွင်း မြစ်ရေဝင်ရောက်မှုကြောင့် ယနေ့နံနက်ပိုင်းက ကျောင်းခေတ္တပိတ်ထားခဲ့ရသည်။
အဆိုပါမြစ်ရေဝင်ရောက်မှုကြောင့် ဇူလိုင်လ (၂၁) ရက်နေ့မှ (၂၃) ရက်နေ့ထိ (၃) ရက်ကျောင်းခေတ္တပိတ်ထားပြီး ကျောင်းပိတ်ရက်များအတွက် အပတ်စဉ် တနင်္ဂနွေနေ့ များတွင် ပြန်လည်အစားထိုးသင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့် ရေဝင်ရောက်မှု ကြောင့် ကျောင်းအဆောက်အဦးထိခိုက်ပျက်စီးမှုမရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)