ဟင်္သာသာတတက္ကသိုလ်တွင်  ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ဘာသာရပ်အလိုက် (အမျိုးသား/အမျိုးသမီး) ဘတ်စကက်ဘော ပြိုင်ပွဲကျင်းပ

ဟင်္သာတ ဇူလိုင်၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာသာတမြို့နယ် ဟင်္သာတတက္ကသိုလ်၊ အားကစားခန်းမတွင် ယနေ့နံနက် ၉ နာရီ ခွဲ အချိန်က(၂၀၂၄-၂၀၂၅)ပညာသင်နှစ်၊ ဘာသာရပ် အလိုက် အမျိုးသား/အမျိုးသမီး ဘတ်စကက်ဘော ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ပြိုင်ပွဲဝင်အားကစားသမားများမှ စစ်ကြောင်းမှူးဦးဆောင်၍ ကွင်းအတွင်းနေရာယူကြပြီး ဟင်္သာတတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာ ခိုင်ခိုင်စန်း က အဖွင့်အမှာစကားပြောကြားခဲ့ရာ "ဘတ်စ ကက်ဘော အားကစားနည်းဟာ အိုလံပစ် အားကစားပြိုင်ပွဲများတွင် တစ်ခုအပါအဝင်ဖြစ်ပြီး အစုအဖွဲ့နှင့် ယှဉ်ပြိုင်ရသော ပြိုင်ပွဲ ဖြစ်တဲ့အတွက် စည်းလုံးညီညွတ်မှုနဲ့ ပူးပေါင်းဆောင်ရွက်တတ်ခြင်းကို ပေးစွမ်းနိုင်တဲ့ အားကစားနည်းဖြစ်ကြောင်း ပြိုင်ပွဲဝင်ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း ဘာသာရပ်အလိုက် အားကစားပွဲများမှတဆင့် တက္ကသိုလ်ပေါင်းစုံ၊ အာဆီယံတက္ကသိုလ်ပေါင်းစုံ ပြိုင်ပွဲများသို့ မြန်မာနိုင်ငံကိုယ် စားပြု အဖြစ် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ကြိုးစားကြစေလိုကြောင်း"ထည့်သွင်းပြောကြားခဲ့သည်။ ထို့နောက် ဟင်္သာတတက္ကသိုလ် အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဒုတိယပါမောက္ခချုပ် ဒေါက်တာမိုးမင်းစိုးမှ အမှာစကားပြောကြားခြင်းနှင့် ပြိုင်ပွဲအား ဖွင့်လှစ်ပေးခြင်းတို့ဆောင်ရွက်ခဲ့ကြသည်။ ၎င်းနောက် ပြိုင်ပွဲဝင်အားကစားသမားများမှ အားကစားသစ္စာအဓိဌာန် ရွတ်ဆိုခြင်းနှင့် အားကစားသမားများကွင်းအတွင်းမှပြန် လည်ထွက်ခွာခြင်းများပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဟင်္သာတတက္ကသိုလ် အားကစားနှင့်ကာယပညာဆပ်ကော်မတီ နာယက ခေတ္တပါမောက္ခချုပ် ဒေါက်တာခိုင်ခိုင်စန်း၊ ဒုတိယပါမောက္ခချုပ်များ ဖြစ်ကြသော ဒေါက်တာ မိုးမင်းစိုး၊ ဒေါက်တာ ချိုကြည်သန်းနှင့် သင်ကြားရေးဌာနအသီးသီးမှ ပါမောက္ခဌာနမှူးများ၊ နည်းပြဆရာ/ဆရာမများနှင့် ဘာသာ ရပ်အသီးသီးမှကိုယ်စားပြုပြိုင်ပွဲဝင်အသင်းသား၊ အသင်းသူများ စုစုပေါင်းအင်အား (၂၅ဝ) ဦးခန့်တက် ရောက်ခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲအား ၂၁..၂၀၂၅ ရက်နေ့မှ  ၂၅..၂၀၂၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ဟင်္သာတတက္ကသိုလ်ဘာသာရပ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်း () သင်းမှ ပြိုင်ပွဲဝင် (၉၀)ဦး ဝင်ရောက် ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)