ခရမ်းမြို့နယ်တွင် မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ကိုင်တွယ်အသုံးပြုနည်း သင်တန်းအပတ်စဉ် (၃) ဖွင့်လှစ်

ခရမ်း ဇူလိုင် ၂၁

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝန်းရှိ ဗြဟ္မစိုရ်ခန်းမတွင် ယနေ့နံနက် ၉း၃၀ နာရီအချိန်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်း အပတ်စဥ်(၃)အား စာတွေ့၊ လက်တွေ့(၂)ပိုင်းခွဲ၍ ဖွင့်လှစ်သင်ကြားကြောင်း သိရသည်။

မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) စက်အား ကျွမ်းကျင်စွာ အသုံးပြုတတ်စေရန်နှင့် ထိန်းသိမ်းတတ်စေရန်ရည်ရွယ်၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်းသင်တန်းကို ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဒေါ်ကြည်စင်သန့် နှင့် တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား/သင်တန်းသူ(၁၀၀)ဦး တက်ရောက်လျက်ရှိပြီး သင်တန်းအား ဇူလိုင်လ(၁၄)ရက်နေ့မှ(၂၉)ရက်နေ့အထိ သင်တန်းအပတ်စဥ်(၅)ခုဖြင့် ဆက်လက်သင်ကြားသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ခရမ်း (ပြန်/ဆက်)