သာပေါင်းမြို့နယ်တွင် ရေပြင်အသက်ကယ်အင်္ကျီ(Like Jacket)ဝတ်ဆင်မှုသရုပ်ပြ လေ့ကျင့်

သာပေါင်း ဇူလိုင် ၂၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ဘေးအန္တရာယ်ကင်းစင်စေရေးအတွက် အသက်ကယ်အင်္ကျီ (Like Jacket) ဝတ်ဆင်မှု သရုပ်ပြခြင်းကို ဇူလိုင်လ ၁၈ ရက်နေ့၊ နံနက် ၇ နာရီခွဲအချိန်က ငဝန်မြစ်ကန္နား မင်္ဂလာတံတားဆိပ်ကမ်း၌ အသက်ကယ်အင်္ကျီ (Like Jacket) ဝတ်ဆင်မှု သရုပ်ပြ လေ့ကျင့်ခဲ့ကြသည်။

ထိုသို့ ငဝန်မြစ်အတွင်း ဘေးအန္တရာယ် ကင်းစင်စေရေးအတွက် ရေပြင်အသက်ကယ်အင်္ကျီ (Like Jacket) ဝတ်ဆင်နည်း၊ အသက်ကယ်အင်္ကျီနှင့်အသက်ကယ်‌ဘောကွင်း မရှိသည့်နေရာတွင် မိမိကိုယ်ကို ပတ်ဝန်းကျင်ရှိ အထောက်အကူပြုပစ္စည်းများဖြစ်သည့် ရေသန့်ဘူးအလွတ် (၁၀) ကို ရင်ဘတ်နှင့်ကျောတို့တွင် သေချာစွာကြိုးဖြင့်ခိုင်ခံ့စွာပတ်ချည်၍လည်း ရေပေါ်တွင် ပေါ်နေနိုင်ကြောင်း၊ (၅) ဂါလံဆံ့ ပလပ်စတစ်ပုံးကို ရင်ဘတ်တွင် ထွေးပိုက်၍လည်း အသက်ကယ်ဘောအဖြစ် အသုံးပြု၍ ဘေးလွတ်ရာသို့ ရွေ့လျားအသက်ကယ်ပစ္စည်းများပြုလုပ်နည်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးမင်း‌ဧရာထိုက်၊အဖွဲ့ဝင်(၁)ဗိုလ်မှူးသန်းနိုင်၊အဖွဲ့ဝင်(၂)ဦးကျော်တိုး၊မြို့နယ်မီးသတ်ဦးစီးအရာရှိဦးကျော်သူလွင်နှင့်တပ်ဖွဲ့ဝင်များ၊အရန်မီးသတ်တပ်ဖွဲ့ဝင်တို့က ကျောင်းသား၊ကျောင်းသူများအား ရေဘေးအသိပညာပေး ပြောကြားကာ လက်တွေ့ပါဝင်ပူး‌ပေါင်း ဇာတ်တိုက်လေ့ကျင့်သရုပ်ပြခဲ့ကြပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်မျိုးဦး

သာပေါင်း (ပြန်/ဆက်)