သာစည် ဇူလိုင် ၂၁
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီ လူထုလှုပ်ရှားမှုအသွင်ဖြင့် သစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက် ၇ နာရီက မိတ္ထီလာ-တောင်ကြီးကားလမ်းဘေး မိုင်တိုင်အမှတ် ၁၇/၆မှ ၁၈/၀ အထိကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်နှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦးတို့က ပိတောက်ပင်များ တက်ရောက် စိုက်ပျိုးပေးခဲ့ကြောင်းသိရသည်။
ဦးစွာ သယံဇာတရေးရာဝန်ကြီးဦးရွှေဇင်က အမှာစကားပြောကြားသည်။ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးဌာနဆိုင်ရာတာဝန်ရှိသူများက မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်ဒေသခံပြည်သူများထံ ပျိုးပင်များပေးအပ်သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးများနှင့် တိုင်းဒေသကြီးဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့တို့ကပိတောက်ပင်များစိုက်ပျိုးပေးသည်။ ဆက်လက်၍ ဝန်ကြီးများနှင့်တာဝန်ရှိသူများက ခရိုင်နှင့်မြို့နယ်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျောင်းသား၊ ကျောင်းသူများနှင့်ဒေသခံပြည်သူများ သစ်ပင်စိုက်ပျိုးနေမှုများကို လှည့်လည်ကြည့်ရှုအားပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ခဲ့ကြောင်းသိရသည်။ သစ်ပင် စိုက်ပျိုးပွဲတွင် တမာပင် ၃၀၀၊ကုက္ကိုပင် ၂၀၀၊ ပိတောက် ၁၀၀နှင့် မယ်ဇလီ ၁၀၀ တို့အား စိုက်ပျိုးခဲ့ကြောင်းသိရသည်။
ဆက်လက်ပြီးဝန်ကြီးများနှင့်တာဝန်ရှိသူများသည် မိတ္ထီလာ-တောင်ကြီးကာလမ်းဘေး မိုင်တိုင်အမှတ် ၁၆/၆ မှ၁၇/၀ အထိ တောင်ပေါ်ဒေသလမ်းဆောက်လုပ်ရေးကုမ္ပဏီမှပြုလုပ်သော ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်ပြီး မြို့နယ်ဌာနဆိုင်ရာများ၊ ကုမ္ပဏီတာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့်အတူ အရိပ်ရပျိုးပင် ၃၀၀ အား စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)