လဲချားမြို့ အခြေခံပညာအလယ်တန်းကျောင်း အ.လ.က(၁)သို့ စာအုပ်၊စာစောင်များ ကွင်းဆင်းငှားရမ်းပေး

လဲချားဇူလိုင် ၂၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများဗဟုသုတရရှိစေရန်၊ အားလပ်ချိန်များကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ စဉ်းစားတွေးခေါ်မှုဉာဏ်များရင့်သန်လာစေရန်၊ အမှားနှင့်အမှန်ဝေဖန်ပိုင်းခြားတတ်စေရန်နှင့် စာဖတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာကြည့်တိုက်သို့မလာရောက်နိုင်သော စာပေချစ်မြတ်နိုးသူများအတွက်ရည်ရွယ်၍ ယနေ့နံနက် (၉)နာရီက mobile library စနစ်ဖြင့် စာအုပ်၊စာစောင်များ နယ်လှည့်ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ စာအုပ်၊စာစောင်များ ကွင်းဆင်းငှားရမ်းပေးရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနဝန်ထမ်းများက အခြေခံပညာအလယ်တန်းကျောင်း အ.လ.က(၁)သို့ သုတ၊ ရသစာအုပ်၊ စာစောင်များကို ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။

 မြို့နယ်( ပြန်/ဆက်)