မိုင်းယန်း ဇူလိုင် ၂၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများထုတ်ပေးခြင်းနှင့် Biometric(UID)နံပါတ် လျှောက်ထားခြင်းများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းမှစတင်၍ ဝိန်းလိတ်ရပ်ကွက်အတွင်းရှိ မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းယန်းမြို့နယ်အတွင်း အငြိမ်းစားဝန်ထမ်းအဖြစ် ပင်စင်လစာငွေရရှိသူ စုစုပေါင်း(၄၈)ဦးရှိပြီး ပင်စင်လစာငွေများထုတ်ပေးခြင်းများကို ဘဏ်ဖွင့်ရက်များ၊ ဘဏ်လုပ်ငန်းဆောင်ရွက်ချိန်များအတွင်း၌ တာဝန်ရှိဘဏ်ဝန်ထမ်းများမှ အဆင်ပြေချောမွေ့စွာ ထုတ်ယူနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိပြီး မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုင်းသောင်းရွှေနှင့် ဝန်ထမ်းများမှ ဝန်ထမ်းအငြိမ်းစား ပင်စင်စားမိဘပြည်သူများအား Biometric(UID) နံပါတ်လျှောက်ထားခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထွန်းထွန်းထူး