ဇီးကုန်းမြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေး ဟောပြောခြင်းနှင့် ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်

ဇီးကုန်း ဇူလိုင် ၂

ပဲခူးတိုင်းဒေသကြီး၊ ဇီးကုန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးဆောင်မှုဖြင့် ပြည်သူလူထုနှင့် ကျောင်းအခြေပြု သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ဇူလိုင်လ (၂၁) ရက်နေ့ မွန်းလွဲပိုင်းက အခြေခံပညာဦးစီးဌာနနှင့် ပူးပေါင်း၍ အ.ထ.က(မြို့မ)၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေးအသိပညာပေးဟောပြောခြင်းနှင့် ဆေးဖြန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အသိပညာပေးဟောပြောပွဲ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်အောင်နှင့် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဆွေဝင်းတို့က အမှာစကားများ အသီးသီးပြောကြားပြီး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းရေးအဆင့် (၁) ဦးသိန်းလှိုင်က သွေးလွန်တုပ်ကွေးရောဂါကြိုတင်ကာကွယ်ရေးအတွက် ခြင်ကျားနှိမ်နင်းရေးလုပ်ငန်းများဖြစ်သော ဖုံး၊ သွန်၊ လဲ၊ စစ်၊ ခတ်၊ ထောင်၊ ဖွင့်၊ ရှင်း မှုတ်လုပ်ငန်းများအကြောင်းနှင့် Abate ဆေးခပ်ခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေ‌ခြင်းနှင့် ကျန်းမာရေးအသိပညာများကို ပရိုဂျက်တာဖြင့် ရှင်းလင်းဟောပြောခဲ့ပြီး၊ စာသင်ခန်းများနှင့် ကျောင်းပတ်ဝန်းကျင်အား ခြင်ဆေးဖြန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ဆောင်ရွက်ခြင်းများကို ဇူလိုင်လ ၂၂ ရက်နေ့တွင် အ.မ.က-မူလွန် (ဘုရားကြီး) ကျောင်း၌လည်းကောင်း၊ ၂၃ ရက်နေ့တွင် အ.လ.က (ခွဲ) အမှတ် ၁ ကျောင်း၌လည်းကောင်း၊ ၂၅ ရက်နေ့တွင် အ.မ.က-မူလွန် (သံပုရာကုန်) ကျောင်း၌လည်းကောင်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

တင့်ဆွေ (ပြန်/ဆက်)