ဟိုပုံးမြို့နယ်၌ စဉ်ဆက်ပညာရေး စာသင်ဝိုင်းသင်ကြားနေမှုအား တာဝန်ရှိသူများက ကြည့်ရှုအားပေး၊ ဆိုလာမီးသီးနှင့် White Board များပေးအပ်

ဟိုပုံး ဇူလိုင် ၂၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ ကျေးလက်​နေပြည်သူများနှင့် တိုင်းရင်းသားများအတွက် သင်ယူသူများ၏ အ​ရေးစွမ်းရည်ပိုမိုတိုးတက်လာ​စေ​ရေး၊ စာဖတ်ရှိန်မြှင့်တင်​ရေးနှင့် စဥ်ဆက်ပညာ​​ရေးအစီအစဥ်မှတစ်ဆင့် ဘဝတစ်သက်တာသင်ယူ​လေ့လာ​နေသူများ ဖြစ်ထွန်းလာ​ရေး စသည့်ရည်ရွယ်ချက်များဖြင့် အ​ကောင်အထည်​ဖော် ဆောင်ရွက်လျက်ရှိသည့် စဥ်ဆက်ပညာ​​ရေး စာသင်ဝိုင်းသင်ကြားနေမှု၊ ဆိုလာမီးသီးနှင့် White Board များပေးအပ်ခြင်းကို ယမန်နေ့ညနေ (၆) နာရီအချိန်က လွယ်အွန့်ကျေးရွာအုပ်စု၊ စခွီကျေးရွာနှင့် ရန်ကင်း ကျေးရွာတွင်  ဆောင်ရွက်ခဲ့ကြသည်။

ဦးစွာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးခွန်လှသိန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခွန်သိန်းရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးကိုကိုလင်း၊ မြို့နယ်ပညာရေးမှူးတို့က စဥ်ဆက်ပညာ​​ရေး စာသင်ဝိုင်းသင်ကြားနေမှုအား ကြည့်ရှုအားပေးပြီး ဆိုလာမီးသီးနှင့် White Board များပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဟိုပုံးမြို့နယ်အတွင်း စဥ်ဆက်ပညာ​ရေးလုပ်ငန်းကို ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ ၈ ရက်​နေ့မှစ၍ ဩဂုဏ်လ ၂၁ ရက်နေ့အထိ ရက်​ပေါင်း (၄၅) ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး တိလုံကျေးရွာအုပ်စု ဆိုက်ခေါင်ကျေးရွာ၊ ကုန်းကျိုင်းကျေးရွာအုပ်စု ဟွေ့တက်ကျေးရွာ၊ လွယ်အွန့်ကျေးရွာအုပ်စု ရန်ကင်းကျေးရွာနှင့် စခွီကျေးရွာ၊ ကုန်းကျိုင်းကျေးရွာအုပ်စု ကျူမုန့်ကျေးရွာ၊ ပေါင်လင်းကျေးရွာအုပ်စု ဒုံမေးခိုးကျေးရွာ စုစုပေါင်း​ကျေးရွာ (၆) ရွာမှ စာသင်ဝိုင်း (၈) ဝိုင်းတွင် စာသင်သား (၁၁၁) ဦးတို့ဖြင့် သင်ကြား​ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)