အမြို့မြို့အနယ်နယ်သတင်းများ

Aug 02,2025
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် မဒေါက်မြို့၌ စစ်တောင်းမြစ်ရေမြင့်တက်မှုကြောင့် အင်းချောင်ဘုန်းကြီးကျောင်းဟောင်းတွင် ဖွင့်လှစ်ထားရှိသည့် ရေဘေးကယ်ဆယ်ရေးစခန်းမှ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ဇူလိုင် ၃၁ ရက် မွန်းလွဲ (၃)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 02,2025
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ နမ့်စန်ခရိုင် မိုးနဲမြို့နယ်၌ ပြည်နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၏ ခွင့်ရန်ပုံငွေဖြင့် နားခံကျေးရွာအုပ်စု ကာမလန်းကျေးရွာမှ အိမ်ထောင်စု ၁၀ စု အားတစ်ပိုင်တစ်နိုင် ဒေသကြက်မွေးမြူးရေး လုပ်ကိုင်နိုင်ရန်အတွက် ဒေသကြက်ကောင်‌ရေ ၁၀၀ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါကျေးရွာ၌ ဆောင်ရွက် ခဲ့‌ ကြောင်းသိရသည်။
Aug 02,2025
စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တပ်မတော်အရာရှိကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ဩဂုတ်လ ၂ ရက်၊ နံနက်ပိုင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ကျောင်းသား၊ကျောင်းသူများ ကျန်းမာသန်စွမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးတွက် မုံရွာမြို့၊ အမှတ် (၂) အခြေခံပညာနှင့် စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း (အလုံ) ကျောင်းဝန်းအတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။
Aug 02,2025
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့ပေါ် ရပ်ကွက်(၂)ခုတွင် ယမန်နေ့နံနက် ၇ နာရီအချိန်ကစ၍ ဌာနဆိုင်ရာများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး နှင့်စာရေးများ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်း၍ သွေးလွန်တုပ်ကွေးကြိုတင် ကာကွယ်ရေး လုပ်ငန်း ဖြစ်သည့် အဘိတ်ဆေးခတ်ခြင်းနှင့် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။
Aug 02,2025
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ‌ကျောင်းသား၊ ကျောင်းသူများ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားခြင်းမှ ကာကွယ်နိုင်ရန်နှင့် ကျောင်းပတ်၀န်းကျင်သန့်ရှင်းသာယာလှပရေးအတွက် ယနေ့ နံနက် ၇ နာရီအချိန်က ကြည်စုရပ်ကွက်ရှိ အ.လ.က(၂) ကျောင်းတွင် တာ၀န်ရှိသူများ ပူးပေါင်း၍ သန့်ရှင်းရေး လုပ်ငန်းများ ကို အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြသည်။
Aug 02,2025
သန်လျင်ခရိုင် သန်လျင်မြို့နယ်အတွင်း သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန ဝန်ထမ်းများမှယနေ့ နံနက်(၁၀)နာရီအချိန်ကသန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာ ဝါးကျောင်း ရပ်ကွက်နှင့် သောက်တော်တွင်းရပ်ကွက် တို့၌ fogging မှုတ်ခြင်း များဆောင်ရွက် ခဲ့ကြသည်။
Aug 02,2025
ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် လူမှုဖူလုံရေးရုံးမှ အလုပ်ခွင်ပြင်ပ ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစု အကျိုး ခံစားခွင့် နှင့်မီးဖွားမှုဆိုင်ရာ အကျိုးခံစားခွင့် ထုတ်ပေးခြင်းများကို ယနေ့နံနက် ၁၀ နာရီက ပေါင်းတည်မြို့နယ် လူမှုဖူလုံရေး၌ထုတ်ပေးခဲ့ကြသည်။
Aug 02,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ဒေသတွင်းစားသုံးဆီဖူလုံရေး ဆီထွက်သီးနှံမျိုးစုံ စိုက်ပျိုးလျက်ရှိရာ ကျေးရွာအုပ် (၃၄) အုပ်စု၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးနှမ်း(၃၂၃၄)ဧက စိုက်ပျိုးကြောင်း သိရသည်။