သန်လျင်မြို့နယ် ဝါးကျောင်းရပ်ကွက်နှင့် သောက်တော်တွင်းရပ်ကွက် တို့၌သွေးလွန်တုပ် ကွေးရောဂါ ကြိုတင်ကာကွယ်ရေး fogging မှုတ်ခြင်းဆောင်ရွက်

ရန်ကုန် သြဂုတ် ၂

သန်လျင်ခရိုင် သန်လျင်မြို့နယ်အတွင်း  သွေးလွန်တုပ်ကွေး ရောဂါကြိုတင်ကာ ကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြို့နယ်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန ဝန်ထမ်းများမှယနေ့ နံနက်(၁၀)နာရီအချိန်ကသန်လျင်မြို့နယ် ဘုရားကုန်းကျေးရွာ ဝါးကျောင်း ရပ်ကွက်နှင့် သောက်တော်တွင်းရပ်ကွက် တို့၌ fogging မှုတ်ခြင်း များဆောင်ရွက် ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ စံလင်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက အဖွဲ့များ(ခွဲ)ကာ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး foggingမှုတ်ခြင်း၊ရေတွင်း၊ရေကန်များ၊ခြင်ပေါက်ပွားနိုင်သည့်နေရာများ၌ခြင်ပေါက်ပွားမှုမရှိစေရေးအတွက် (ဖုန်း၊ သွန်၊ လဲ၊ စစ်) လုပ်ငန်းများနှင့်အဘိတ်ဆေးခပ်ခြင်း၊ ခြင်ဆေးဖြန့်ခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ဖြိုးသီဟ (ခရိုင်ပြန်ဆက်)