ပေါင်းတည်၌ ကျန်ရစ်သူ မိသားစု အကျိုးခံစားခွင့်နှင့်မီးဖွားမှုဆိုင်ရာ အကျိုးခံစားခွင့်များ ထုတ်ပေး

ပေါင်းတည် ဩဂုတ် ၂

ပဲခူးတိုင်းဒေသကြီး၊နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ် လူမှုဖူလုံရေးရုံးမှ အလုပ်ခွင်ပြင်ပ ထိခိုက်သေဆုံးမှုအတွက် ကျန်ရစ်သူမိသားစု အကျိုး ခံစားခွင့် နှင့်မီးဖွားမှုဆိုင်ရာ အကျိုးခံစားခွင့် ထုတ်ပေးခြင်းများကို ယနေ့နံနက် ၁၀ နာရီက ပေါင်းတည်မြို့နယ် လူမှုဖူလုံရေး၌ထုတ်ပေးခဲ့ကြသည်။

 ယင်းသို့ ထုတ်ပေးရာတွင် သဲကုန်းမြို့နယ် လျှပ်စစ်ရုံးမှ အာမခံအလုပ်သမား ဦးသန်းထွန်းနိုင် အတွက် ကျန်ရစ်သူမိသားစုအကျိုးခံစားခွင့် အဆ ၆ဝ အတွက် ခွင့်ပြုငွေကျပ် ၁၀၈၀၀၀၀၀ (ကျပ်သိန်း တစ်ရာ့ရှစ်သိန်းတိတိ) ကို မိခင်ဖြစ်သူ ဒေါ်လှ ထံသို့ လည်းကောင်း၊ ပေါင်းတည် ကမ္ဘောဇဘဏ်မှ အာမခံအလုပ်သမား ဒေါ်သက်နန္ဒာအောင်၏ မီးဖွားမှုနှင့်မီးဖွားစရိတ် အကျိုးခံစားခွင့်ခွင့်ပြုငွေကျပ် ၈၁၅၀၀၀ ကို ဒေါ်သက်နန္နာအောင်ထံသို့ လည်းကောင်း၊ ပေါင်းတည် ရိုးမဘဏ်မှ အာမခံအလုပ်သမား ဒေါ်ကေဇင်အောင်၏ မီဖွားမှုဆိုင်ရာ ဆေးဖိုးကုန် ကျငွေ ကျပ် ၅၅၀၀၀၀ တို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့် လူမှုဖူလုံရေး ရုံးခွဲတာဝန်ခံများက အလုပ်ဌာနမှ တာဝန်ရှိသူများ၊ မိသားစုဝင်များရှေ့မှောက်တွင် အသီးသီး ထုတ်ပေး ခဲ့ကြကြောင်းသိရသည်။

ရွှေသား(IPRD)