အမြို့မြို့အနယ်နယ်သတင်းများ

Aug 03,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ ကျောင်းသား/ကျောင်းသူလူငယ်လူရွယ်များအင်တာနက်အွန်လိုင်းအသုံးပြု၍ လောင်းကစားမှု၊ လိမ် လည်မှုနှင့်ဆိုက်ဘာလုံခြုံရေးဆိုင်ရာများသတိပြုဆင်ခြင်နိုင်စေရန်ရည်ရွယ်၍ အခြေခံပညာအထက်တန်းကျောင်း၌ ဩဂုတ်လ ၂ ရက်နေ့ နံနက် ၁၀ နာရီက ဆက်သွယ်ရေး လိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပပြုလုပ်ခဲ့သည်။
Aug 03,2025
စစ်ကိုင်းတိုင်း​ဒေသကြီး ရွှေဘိုတက္ကသိုလ်၌  ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံ အမျိုးသား/သမီးဘောလီ​ဘောပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဇူလိုင်လ ၃၁ ရက်နေ့ ည​နေ ၄ နာရီ အချိန်က အဆိုပါတက္ကသိုလ်ရှိ ​အားကစားရုံတွင်ကျင်းပခဲ့ကြောင်း သိရသည်။
Aug 03,2025
နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးအတွက်မြို့နယ်ဌာနဆိုင်ရာများ၊ ပြည်သူများနှင့်တပ်မတော်သားများ စုပေါင်း၍သစ်ပင်ချုံနွယ်များရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများခုတ်ထွင်အလင်းဖွင့်ခြင်းနှင့် ရေစီးရေလာကောင်းမွန်‌စေရေးတို့အတွက် သန့်ရှင်းရေးဆောင်ရွက်နေမှုများအား ကြည့်ရှုအားပေးကာ စားသောက်ဖွယ်ရာများပေးအပ်ခဲ့သည်။
Aug 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ ယမန်နေ့နံနက်ပိုင်းအချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးဦးမြင့်ဇော်ဦးဆောင်သည့်အဖွဲ့မှ မြို့နယ်အတွင်းနေထိုင်ကြသော နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသည့်မြန်မာတိုင်း ရင်းသားလူမျိုးနွယ်စုများအားကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်မျိုးမျိုးရရှိနိုင်ရေးနှင့် အိမ်ထောင်စုလူဦးရေစာရင်းထုတ်ပေးခြင်းကိုပန်းခင်းစီမံချက် (၃)ဖြင့်မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Aug 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ကျောင်းကျန်းမာရေးသီတင်းပတ်လှုပ်ရှားမှု အထက်တန်းအဆင့်၊ အာဟာရအုပ်စု(၃)စု ချက် ပြုတ်နည်းပြိုင်ပွဲကို ၁/ထူပါရုံရပ်ကွက်၊ အထက(၁)အခြေခံပညာအထက်ကျောင်း၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 03,2025
ရန်ကင်းမြို့နယ်တွင် မြို့နယ်အဆင့်ကျောင်းကျန်းမာရေးသင်တန်းကို သြဂုတ် ၁ ရက် နံနက် ၉ နာရီခွဲက အဆိုပါမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 03,2025
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ် ရန်ကုန်တိုင်း သာသနာ့နုဂ္ဂဟ အသင်းကြီး၏ တိုင်းဒေသကြီးအဆင့်ဓမ္မစကြာဒေသနာတော်ရွတ်ဆိုပူဇော်ပြိုင်ပွဲ (၁/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကို ဩဂုတ်လ ၈ ရက် နံနက် ၇ နာရီအချိန်က ရန်ကင်းမြို့နယ်၊ မိုးကောင်းဆုတောင်း ပြည့်စေ‌တီတော်ဝန်းအတွင်းရှိ အရိယာဓမ္မာရုံ၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။