ပုဗ္ဗသီရိမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ပုဗ္ဗသီရိ  မေ ၂၇

ပြည်ထောင်စုနယ်‌မြေ၊ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်းလုပ်ငန်းများကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ဆောင်ရွက်ခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ပုဗ္ဗသီရိမြို့နယ်မီးသတ်ဦးစီးမှူး ဦးညီညီဝင်းဦးဆောင်၍ မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက စက်သုံးဆီအရောင်းဆိုင်ငါးဆိုင်အား ဆီဆိုင်တာဝန်ခံများနှင့်ပူးပေါင်း၍ မီးဘေးလုံခြုံရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးစစ်ဆေးခြင်း၊  မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများအား ကျွမ်းကျင်စွာအသုံးပြုနိုင်ရေးအတွက် အကြံပေးခြင်းနှင့် လက်တွေ့စမ်းသပ်စစ်ဆေးခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ကို(ပုဗ္ဗသီရိ)