မိုင်းငေါ့မြို့လွယ်ကြူကျေးရွာအုပ်စုတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ် ဆောင်ရွက်

မိုင်းငေါ့ ဩဂုတ် ၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်များ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မိုင်းငေါ့မြို့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ ဒုလဝကမှူး ဦးခမ်းရီက မိုင်းငေါ့မြို့လွယ်ကြူကျေးရွာအုပ်စုသို့ ဩဂုတ်လ ၂၃ ရက်နေ့ နံနက်(၁၀)နာရီ အချိန်က အသက်(၁၈)နှစ်ပြည့်ပြီး ကျေးရွာ‌ပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်း ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကဒ်ပြား ပျောက်ဆုံး ၊ပျက်စီး ၊လဲလှယ်သူ ကျား (၉)ဦး၊ မ(၄)ဦး စုစုပေါင်း(၁၃)ဦး နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးပြီး နိုဝင်ဘာ(၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈)နှစ် ပြည့်ပြီးသူတိုင်း ဆန္ဒမဲပေးနိုင်ရေးအတွက် အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား မရရှိသေးသူ အမျိုးသား(၆)ဦး၊ အမျိုးသမီး(၃)ဦး စုစုပေါင်း(၉)ဦးတို့အား အထောက် အထားများ စိစစ်၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)