ဟိုပုံးမြို့ နောင်ဘိုကန်အတွင်း ငါးသားပေါက်ကောင်ရေ (၅၀၀၀၀)စိုက်ထည့်

ဟိုပုံး   ဩဂုတ်

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ရှမ်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဟိုပုံးမြို့၊ တောင်ရပ် ကွက် ရှိ နောင်ဘိုကန်အတွင်း ငါးသားပေါက်ကောင်ရေ(၅၀၀၀၀)စိုက်ထည့်ခြင်းကို မန်နေ့ မွန်းလွဲ ၂ နာရီ အချိန်က  ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သီဟထွေးမှ ဒေသခံပြည်သူများ ငါးစားသုံးမှုဖူလုံစေရန် ရည်ရွယ်ပြီး ငါးမျိုးများစိုက်ထည့်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ယင်းနောက် ရှမ်းပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်သီဟထွေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးမောင်မောင်မြင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရှမ်းပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့မိ၊ မြို့ဖတို့က ငါးမြစ်ချင်းကောင်ရေ (၅၀၀၀၀)တို့ကို စိုက်ထည့်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

နေမင်းထွန်း(ဟိုပုံး)