တောင်ငူမြို့နယ်၌ COVID-19 စီးပွားရေးကုစားမှု COVID-19 Economic Relif Plan (CERP) အစီအစဉ် အရ မိုးစပါးမျိုးစေ့ ထုတ်လုပ်ငန်း အတွက် ထောက်ပံ့ငွေပေးအပ်

တောင်ငူ သြဂုတ် ၂၅

တောင်ငူမြို့နယ်၌ COVID-19 စီးပွားရေး ကုစားမှု COVID-19 Economic Relif Plan (CERP)အစီအစဉ်အရ  မိုးစပါးမျိုးစေ့ ထုတ်လုပ်ငန်း အတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီ အချိန် က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးမင်းဝင်းက အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဦးနိုင်မင်းလှိုင်က ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ်အရ မိုးစပါးမျိုးစေ့ ထုတ်လုပ်ငန်း ဆောင်ရွက်သည့် တောင်သူများအား နိုင်ငံတော် မှ ထောက်ပံ့ငွေ ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

ယင်းနောက် တောင်သူများအား ပထမအကြိမ် တစ်ဧက အထွက်ကောင်းမျိုးစေ့ဘိုးကျပ် (၈၅၀၀ဝိ/−)နှင့် စိုက်ပျိုးစရိတ်လုပ်ခ ကျပ် (၇၅၀၀ဝိ/−) အား  မြို့နယ်အတွင်းရှိ မိုးစပါး မျိုးစေ့ထုတ်လုပ်ငန်း ဆောင်ရွက်သည့် ကျေးရွာအုပ်စု (၃၁)အုပ်စုရှိ တောင်သူ (၁၇၅)ဦး (၅၁၅) ဧက အတွက် ကျပ်သိန်း (၄၆၀၇၀၅၀၀အား တာဝန်ရှိသူများမှ ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇော်ထက် (တောင်ငူ)