မြဝတီမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မြဝတီ မေ ၁၁

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ပွင့်လင်းရာသီ၌ မီးဘေးအန္တရာယ်ကင်း​ရှင်း​စေရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကိုအရှိန်အဟုန်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီ၌ မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်ဇင်ဟိန်း ဦးဆောင်၍ မဲထော်သလေးကျေးရွာ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်ဇင်ဟိန်းက မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်အချက်များကိုလည်းကောင်း၊ မီးသတ်ဆေးဘူးအသုံးပြုပုံ၊ အသုံးပြုနည်းများကိုလည်းကောင်း၊  လူကုန်ကူးမှုတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့၊ဒုတိယရဲမှူးသက်ဇော်ထွန်းက ပေါ့ဆမီးကြောင့် မီးလောင်ကျွမ်းမှု ဖြစ်စဥ်များနှင့်စပ်လျဥ်း၍ အရေးယူမှုဖြစ်စဥ်များ၊ သိရှိနားလည် ရှောင်ကျဥ်ရမည့်အချက်များကို ဟောပြောခဲ့ကြသည်။

ဆက်လက်ပြီး မြို့နယ်မီးသတ်ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်ဇင်ဟိန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဘူးကိုင်တွယ်အသုံးပြုပုံ၊ အသုံးပြုနည်းအဆင့်ဆင့်ကို လက်တွေ့သရုပ်ပြခဲ့ရာ တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများမှ မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်ပုံ အဆင့်အဆင့်ကို လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဆောင်းနှင်းဖြူ (ပြန်/ဆက်)