မင်းကင်း မေ ၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ မင်းကင်းမြို့နယ် ပန်းတိုင်သီးနှံနှင့်ဆီထွက်သီးနှံ ပဲပုပ်အပါ (၁၄) မျိုးနှင့်ပတ်သက်သည့် စိုက်ဧကနှင့်အထွက်နှုန်းမှန်ကန်စွာကောက်ယူနိုင်ရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိ ပန်းတိုင်သီးနှံစိုက်ဧက မြေပြင်ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခြင်းကို ယနေ့ညနေပိုင်းတွင် အံ့စရာကျေးရွာနှင့် မင်းစားကျေးရွာများတွင် သွားရောက်ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါကွင်းဆင်းဆောင်ရွက်ရာသို့ မြို့နယ်ပန်းတိုင်သီးနှံနှင့်ဆီထွက်သီးနှံပဲပုပ်အပါ (၁၄) မျိုးနှင့်ပတ်သက်သည့် စိုက်ဧကနှင့်အထွက်နှုန်းမှန်ကန်စွာ ကောက်ယူနိုင်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဇေယျာစည်သူနှင့်အဖွဲ့ဝင်များသည်ပန်းတိုင်သီးနှံစုံစိုက်ဧက မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်နေမှုကို ကြီးကြပ်ကြည့်ရှု၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြသည်။
ပန်းတိုင်သီးနှံစုံစိုက်ဧက မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက်ရာတွင် မြို့နယ်အဆင့် ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနမှ တာဝန်ရှိသူများနှင့် ရပ်ကွက်/ ကျေးရွာကော်မတီအဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)