မိုင်းယောင်း မေ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဝေမောင်သည် ယနေ့နံနက်ပိုင်းက ရေစီးရေလာကောင်းမွန်ရေးနှင့် မိုးစပါးစိုက်ပျိုးနိုင်ရေး လယ်ရေသွင်းမြောင်းများ ရှင်းလင်းနေမှုအား တာဝန်ရှိသူများနှင့်အတူ ကွင်းဆင်းကြည့်ရှုခဲ့သည်။
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းအောင်ခမ်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဘွန်းစီ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေတို့နှင့်အတူ သက်ဆိုင်ရာတာဝန်များလိုက်ပါပြီး မိုင်းယောင်းမြို့နယ် အမှတ်(၁)ရပ်ကွက်၊ အမှတ်(၂)ရပ်ကွက်၊ ဝမ်ဒန်ကျေးရွာ၊ ဝမ်ဘိုးကျေးရွာနှင့် ပါမုန်ကျေးရွာတို့၌ ရေစီးရေလာကောင်းမွန်ရေးနှင့် မိုးစပါးစိုက်ပျိုးနိုင်ရေး လယ်ရေသွင်းမြောင်းများ ရှင်းလင်းနေမှုအား ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
စိုင်းအောင်ဇော်လင်း