မြင်းခြံ မေ ၁၁
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID Card များ ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးတွင် ဆောင်ရွက်ခဲ့သည်။
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးမျိုးမြင့်သူ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဦးစီးမှူး ဦးဝင်းမော်နှင့် ဝန်ထမ်းများက အသက်(၁၈) နှစ်ပြည့်ပြီးသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့်UID Card များ ထုတ်ပေးခြင်းတို့ကို နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိသည်။
အဆိုပါ ရက်(၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID Card များ နေ့ချင်းပြီး ဆောင်ရွက်ပေးကာ ကာယကံရှင်များ လက်ဝယ်အရောက် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ချစ်ဦးနွေ(မြင်းခြံ)