ချောက် မေ ၁၂
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ်ရွေးချယ်ခန့်ထားနိုင်စေရေးအတွက် ယမန်နေ့ နံနက်(၉)နာရီအချိန်က အမှတ်(၁)ရပ်ကွက် ရေအိုးစင်ဓမ္မာရုံ၊ အမှတ်(၂)ရပ်ကွက် အလယ်ဓမ္မာရုံနှင့် အမှတ်(၃)ရပ်ကွက် ချောက်ရွာမဆုတောင်းပြည့်ဓမ္မာရုံတို့၌ အသီးသီးကျင်းပခဲ့သည်။
ရှေးဦးစွာ ရပ်ကွက်များအလိုက် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်ရာတွင် မြို့နယ်အဆင့်မြေပြင်ကွင်းဆင်းကြီးကြပ်မှုကော်မတီဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်ကြီးကြပ်ရေးအဖွဲ့(၅)ဦးတို့က ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအသစ် ရွေးချယ်နိုင်ရန်အတွက် လိုက်နာဆောင်ရွက်ရမည့်တာဝန်များ၊ ဥပဒေနှင့်လုပ်ထုံးလုပ်နည်းအဆင့်ဆင့်တို့ကို ရှင်းလင်းဆောင်ရွက်ခဲ့သည်။
အဆိုပါ ရပ်ကွက်များမှ အိမ်ထောင်စုကိုယ်စားလှယ်များက အသစ်ခန့်ထားမည် ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုအုပ် ချုပ်ရေးမှူးရွေးချယ်နိုင်ရေးအတွက် ဆယ်အိမ်မှူး၊ရာအိမ်မှူးများအား မဲစနစ်ဖြင့်ရေတွက်၍ အများဆုံးမဲရရှိသူအား အုပ်ချုပ်ရေးမှူးအသစ်ခန့်ထားရန်နှင့် အိမ်ထောင်စုဝင်ပြည်သူတို့၏ သဘောဆန္ဒဖြင့်အတည်ပြုဆောင်ရွက်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)