မှော်ဘီမြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စာပေချစ်မြတ်နိုးသူ လူငယ်များနှင့်စာဖတ်ဝိုင်း ကျင်းပ

မှော်ဘီ မေ ၁၁

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအ‌‌ခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယနေ့ နံနက်ပိုင်းက စာပေချစ်မြတ်နိုးသူ Book Clup အသင်းဝင်လူငယ်များနှင့် စာရေးဆရာကောင်းသာ မြန်မာပြန်ဆိုသော "အောင်နိုင်သူအလား တွေးခေါ်စဉ်းစား "စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်လှလှထွေးက စာပေမြတ်နိုးသူလူငယ်များအနေဖြင့် စာကြည့်တိုက်ကိုရောက်ရှိခိုက် စာအုပ်စာစောင်များကို လေ့လာဖတ်ရှုထားပါမှ အသိပညာဗဟုသုတများ တိုးပွားလာမှာဖြစ်ပါကြောင်း မိမိတို့ငယ်ရွယ်စဥ် ပညာသင်ကြားချိန်၌ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာအောင် သုတရသ စာအုပ်စာပေများကို ဖတ်ရှုလေ့လာ မှတ်သားထားကြရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်လှလှထွေးက စာရေးဆရာကောင်းသာ မြန်မာပြန်ဆိုသော "အောင်နိုင်သူအလား တွေးခေါ်စဉ်းစား "စာအုပ်အခန်း (၈) သင့်အနာဂတ်ကို စီမံကိန်းချခြင်းမှ အကောင်းမြင်စိတ်သဘောထား၊ သင့်ကိုသင်ယုံကြည်မှုအပေါင်းအစု၊ ကြီးကြီးမားမား စိန်ခေါ်နေတဲ့ ပန်းတိုင်များ အကြောင်းအရာများအား ဖတ်ကြားပြီး ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် မောင်ဟိန်းသူအောင်၊ မောင်ထိန်လင့်ခန့်၊ မယုယုခိုင်ထွန်း၊ မဖြိုးသီရီ၊ မထွန်းဟန်နီကို၊"အောင်နိုင်သူအလား တွေးခေါ်စဉ်းစား" စာအုပ်မှ သင့်အနာဂတ်ကို စီမံကိန်းချခြင်းမှ သိရှိလိုသည်များအား မေးမြန်းခဲ့ရာ ဒုတိယဦးစီးမှူး ဒေါ်လှလှထွေးက သိရှိလိုသည်များအား ပြန်လည်သုံးသပ်‌​ဖြေ​ကြား ရှင်းလင်းဆွေးနွေး​ပေးကာ စာပေချစ်မြတ်နိုးသူ Book Club အသင်းဝင်လူငယ်များက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်​ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲများ ပြသထားမှုအား စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ရာ ဒုတိယဦးစီးမှူးက စာစောင်ပါအကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ကြ​ကြောင်း သိရသည်။

စန်းဝင်း (ဦးစီးအရာရှိ)